Unicode
Chapter 34 : Revelation
သူမပါးစပ်က လွှတ်ခနဲထွက်သွားပြီးနောက် သူတို့ကိုတည့်တည့်တောင်မကြည့်နိုင်တော့ပဲချက်ချင်းဆိုသလို ထွက်ပြေးသွားလေသည်။
ကျန်းယန်သည် အံ့သြကာမှင်သက်လို့နေပြီး ချင်ရွှီအားခွကျော်ကာ သူမနောက်သို့အမြန်ပြေးလိုက်သည်။သူသည် သူမမှ မိဘတွေကိုပြန်ပြောပြလိုက်မည်အားတွေးကြောက်နေပြီး..ဘယ်လိုပြန်ဖြေရှင်းပြရမည်ကိုမသိသော်ငြား မတတ်နိုင်စွာပင် တစ်ခုခုကတော့မကောင်းတော့ဘူးဟူ၍ခံစားနေရလေ၏။
သို့သော် ကျန်းယွမ်သည်ဧည့်ခန်းသို့သာပြေးသွားပြီး ဆိုဖာပေါ်ဒေါသတကြီးလှဲချလိုက်သည်။
ကျန်းယန်က ဘေးပတ်ပတ်လည်ကိုဝေ့ကြည့်ပြီးမေးလိုက်သည် " မားနဲ့ပါးရော "
ကျန်းယွမ်ကသူ့ကိုမျက်စောင်းထိုးလိုက်ပြီးချက်ချင်းပင် " ဘယ်သူ့ကိုခေါ်နေတာလဲ! "
ကျန်းယန်သည်သူ့အမှားကိုချက်ချင်းသိသွားပြီး ပြန်ဖြေရှင်းသည် -" မင်းရဲ့ပါးနဲ့မားကိုပြောတာ..အန်တီနဲ့ဦးလေးဘယ်သွားတာလဲ "
ကျန်းယွမ်သည် စိတ်အလိုမကျစွာပင်သူရှင်းပြတာကိုလက်မခံ..သူမကစိတ်မပါလက်မပါပြန်ဖြေသည်။
" လမ်းလျှောက်ထွက်သွားတယ် "
ထိုအခါမှ ကျန်းယန် သက်ပြင်းရှိုက်သည်။မားမားကျန်းက ပါးပါးကျန်းလေ့ကျင့်ခန်းမလုပ်တာကြောင့် ဘီယာဗိုက်ကြီးဖြစ်လာမည်ကိုစိုးရိမ်ကာအဝလွန်မည်ကိုတားဆီးသည့်အနေဖြင့် ညဘက်တွေဆိုလမ်းလေးဘာလေးလျှောက်ဖို့ရာ ဆွဲခေါ်သွားတတ်သည်ကို အခုမှသူသတိရလာသည်။ထို့နောက် သူ့ကိုယ်သူစိတ်အေးအောင်အရင်လုပ်ပြီးကာမှ - "ငါသူနဲ့စနောက်နေတာ"
ကျန်းယွမ်ကသူ့ကိုမယုံဘူး၊
" နင် ကောကိုအနိုင်ကျင့်နေတာမလား "
" လုံးဝမဟုတ်ဘူး "
" တကယ်လား? ဒါပေမယ့် ငါကြားတာတော့ကောနဲ့နင် ဆက်ဆံရေးမကောင်းဘူးဆို "
ကျန်းယန် မျက်မှောင်ကြုတ်လိုက်သည်။ကျောင်းစတက်တာ တစ်လသာရှိသေးပြီးပထမနှစ်အတန်းတွေမှာတောင် သူတို့၂ယောက်အကြောင်းကပျံ့နေပြီတဲ့လား..အတင်းအဖျင်းဖြန့်ဝေတဲ့လူတွေရဲ့စွမ်းရည်အား သူ မအံ့သြဘဲကိုမနေနိုင်တော့။တစ်ချိန်တည်းမှာပင် ၎င်းသည်အလွန်ပင်ဒုက္ခသုက္ခများနိုင်သည်ကို သူသိရှိလို့သွားပြီးအားတင်းပြီးသာရှင်းပြလိုက်ရ၏ -" မင်းကြားထားတာအကုန်လုံးက ကောလဟာလတွေပဲ..ငါနဲ့မင်းအစ်ကိုကအဆင်ပြေပါတယ်..ငါတို့က ... သူငယ်ချင်းတွေလေ "
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...