Chapter 14 : Cafeteria

1.2K 293 17
                                    

Unicode

Chapter 14: Cafeteria

အတန်းပြီးချိန် အချက်ပေးဘဲလ်သံမြည်တာနဲ့ ကျောင်းသားတွေဟာတက်ကြွရွှင်လန်းစွာဖြင့် နေ့လယ်စာစားရန်ကျောင်းစားသောက်ဆိုင်သို့ အမြန်အပြေးလေးလှမ်းကြတော့၏။

ဒီနေ့ရဲ့နောက်ဆုံးအတန်းချိန်က သင်္ချာချိန်ဖြစ်ကာ ၅မိနစ်လောက်အချိန်ကျော်သွား၏။ပုံမှန်အားဖြင့် မိနစ်ဝက်လေးနောက်ကျရင်တောင်မှ အရမ်းကြီးမားလွန်းတဲ့ပြောင်းလဲမှုကြီးကိုဖြစ်စေသည် ကြားရတာ၅မိနစ်ကလေးပါဘဲဆိုပေမဲ့ သူတို့အတွက်တော့တကယ့်ကိုသေရေးရှင်ရေးပဲ။ကျောင်းစားသောက်ဆိုင်ကိုရောက်တော့ သူတို့သည်အချိန်ကောင်းကိုလွဲသွားကာ မတတ်နိုင်စွာပဲလူအုပ်ကြီးထဲဝင်တိုးကြရပါတော့သည်။

စားသောက်ဆိုင်ထဲ လူအရမ်းများနေပြီး ချင်ရွှီနှင့် ရှဲ့ကျယ် သူတို့စားမည့်အရာများအားထည့်ပြီး ပန်းကန်ကိုကိုင်ထားရင်း ထိုင်စရာရှာမတွေ့ကြပေ။ဘေးပတ်လည်ကိုဝေ့ကြည့်လိုက်တော့ တစ်ဘက်ခြမ်းကနေဟွမ်ရှောင်ဟာစိတ်အားထက်သန်စွာနဲ့ သူတို့အားလက်ဝေ့ယမ်းပြလာ၏။ "ရွှီကော ရှဲ့ကျယ် ဒီကိုလာ"

သူထိုင်နေတဲ့စားပွဲက ဖြစ်ချင်တော့၂နေရာလွတ်နေသည်။

ဒါကိုကြားတဲ့ ကျန်းယန်ဟာ အမှတ်တမဲ့ပဲလှမ်းကြည့်လိုက်၏။ချင်ရွှီ နဲ့အကြည့်ဆုံတော့ သူ့ရဲ့မျက်ခုံးတွေကတွန့်ချိုးသွားတော့သည်။သူအဲ့တစ်ယောက်နဲ့ တစ်စားပွဲထဲအတူမထိုင်ချင်ဘူး။သူ့ဘေးမှာတစ်နေရာလွတ်နေပြီး သူ့ရဲ့မျက်စောင်းထိုး မျက်နှာချင်းဆိုင်နေရာမှာ တစ်နေရာလွတ်နေသည်။သူခေါင်းငုံ့ပြီးစားမယ်ဆိုရင်တော့ ထိုသူ့ကိုမမြင်နိုင်ပေ သို့သော်မျက်နှာမော့တာနှင့်သူ့မျက်နှာကိုမြင်နေရသည်။အဲ့တာက သူ့ရဲ့အစာစားချင်စိတ်ကိုပျောက်စေ၏။

သို့သော်သူ့မှာ လာထိုင်တာကိုတားဆီးဖို့လည်း အကြောင်းရင်းရှာမရ။စောစောကဖြစ်ရပ်ကြောင့် ဟွမ်ရှောင်က သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး အနည်းငယ်တိုးတက်လာပြီလို့ယူဆကာ အတူထိုင်တာကပုံမှန်ပဲလို့တွေး၏။ဟွမ်ရှောင် ပင်ကိုဗီဇကိုကအကောင်းမြင်တတ်သူဖြစ်သည်။သူဟာအမြဲတက်တက်ကြွကြွနေတတ်ပေမဲ့လို့ သူ့သူငယ်ချင်းတွေအပေါ်တော့တကယ်ကိုဂရုစိုက်ရှာသည်။ကျန်းယန်နဲ့ချင်ရွှီ ရဲ့ဆက်ဆံရေးကအနည်းငယ်တိုးတက်လာတာတွေ့တော့ အဆင်ပြေစေရန်တွန်းအားလေးပေးချင်လာ၏။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now