Chapter 41

997 172 1
                                    

Unicode

Chapter 41: Secretly Deleting Those Photos

ကျောင်းသားများအတွက် ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်ဆိုသည်ကား၊နေ့အခါက ဆရာများကပေးအပ်ထားခဲ့သော အိမ်စာများကိုပြီးမြောက်အောင်လုပ်ဆောင်ရန်နှင့် ယနေ့သင်ယူလိုက်ရသော သင်ခန်းစာအကြောင်းအရာများကို ပြန်လည်သုံးသပ်ရန်အချိန်ပင်ဖြစ်ချေသည်။ထိုအရာများကိုပြုလုပ်ပြီး၍ အချိန်တွေကျန်ရှိနေသေးပါက မနက်ဖြန်သင်ခန်းစာအတွက် စာကြိုတင်ဖတ်ရှုလေ့လာထားလို့ရသည်သာ။ထိုနည်းအတိုင်းသွားရမည်ဖြစ်သော်ငြား ကျောင်းသားအများစုကတော့ အိမ်စာလုပ်ပြီးသည်နှင့် ကြီးမားလှစွာသောအောင်မြင်မှုကြီးကိုဆွတ်ခူးနိုင်ခဲ့သလိုပင် ခံစားမိကြရှာရာ၊ သူတို့ကိုယ်သူတို့ ဆုချဖို့ရာအတွက် ဝတ္ထုဖတ်ခြင်း သို့မဟုတ် ဂိမ်းဆော့ခြင်းအမှုတို့၌မွေ့လျော်ကြလေတော့သည်။

အမှန်ဘဲ၊ ချင်ရွှီက ကျောင်းသားကောင်းတွေထဲက တစ်ယောက်တော့ဘယ်ဟုတ်ပါ့မလဲ။သူက မနက်ဖြန်အတွက် အိမ်စာကိုအပြီးသတ်လုပ်ပြီးသည်နှင့် လုပ်ငန်းဆောင်တာအားလုံးပြီးဆုံးသွားပြီဟူ၍ ကောက်ချက်ချကာ လုပ်ရန်ကျန်ရှိနေသည့်အရာများကိုတော့ဖြင့် ဂရုမစိုက်ပါချေ။ထို့နောက် ကျန်းယန်၏ဖုန်းထဲမှပုံများကိုဖျက်ပစ်ဖို့ရာအတွက် ချင့်ချိန်တွေးဆနေလေ၏။

မာနထောင်လွှားစွာဖြင့် ထိုပုံများတွင် သူ့ပုံရိပ်က အတော်လေးချောမောသည်ဟု ခံစားရသော်ငြား၊ မှတ်ဉာဏ်ပျောက်ဆုံးနေသောသူ့ပုံစံက အနည်းငယ်တုံးအအနှင့်ရိုးသားဖြူစင်လွန်းနေတာမို့ အကောင်းဆုံးကတော့ အခြားသူတွေတွေ့မသွားဖို့ရာ ရှောင်ကျဥ်ရမည်။

သို့နှင့် ကျန်းယန်တစ်ယောက် ခုံပေါ်တွင်ခြေကားယားလက်ကားယားဖြင့်အိပ်လို့နေချိန် သူ့လက်က ကျန်းယန်၏ဘောင်းဘီအိတ်ကပ်ထဲသို့ တိတ်တဆိတ်လေးဝင်ရောက်သွားလေ၏။ကျန်းယန်မသိအောင် ဖုန်းကိုယူလိုက်ချင်သော်ငြား သူ၏သူခိုးတစ်ယောက်လို ခိုးကြောင်ခိုးဝှက်အမူရာကြောင့် အပြစ်ရှိသလိုခံစားနေရသည်။သူသည် ဖုန်းကိုလှမ်းနှိုက်ရင်းဖြင့် ကျန်းယန်၏မျက်နှာကိုလည်းစစ်ဆေးကြည့်ရှုနေရင်း၊ ကျန်းယန်နိုးလာမည့်အရိပ်ယောင်များရှိလာပါက လက်ကိုအလျင်မြန်ရုတ်ကာ ဘာမျှမဖြစ်ပျက်ခဲ့သည့်အတိုင်းနေဖို့ရာကိုလည်း အလိုလျောက်ပင်ကြိုတင်ပြင်ဆင်ထားလေ၏။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now