~Qin Xu ကသူ့ကိုကြည့်နေပြီး သူ့ရဲ့ကျွမ်းကျင်လှတဲ့အပြုံးလေးနဲ့ "ဘာလို့လဲဆိုတော့Wu Tongကငါ့ကိုနှုတ်ဆက်လို့လေ။မင်းလက်ထဲကစာအုပ်တွေကငါတို့အတန်းကမဟုတ်ဘူးမလား။မင်းဒီနေ့ဘာဖြစ်နေတာလဲသူများတွေကို လိုက်ကူညီပေးနေပုံထောက်ရရင် စောစောကလည်းမင်းXu Ting Tingကိုစာအုပ်တွေလိုက်ဝေပေးဖို့ကူညီပေးသေးတယ်မလား။ငါတို့ရဲ့Jiang Yangလေးကသူများတွေကိုကူညီရတာတော်တော်လေးသဘောကျနေပုံပဲ"
Wu Tong ကတော့သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်လျက် မျက်လုံးထဲကနေမီးထတောက်တော့မည့်အလားဖြစ်နေတာကို မျက်စိလေးကလယ်ကလယ်နဲ့ကြည့်နေရှာတယ်။သူမဟာ Jiang Yang ရဲ့တခြားလူထက်ပိုမြင့်အောင်လှေကားကိုထပ်တက်လိုက်တဲ့လုပ်ရပ်လေးကိုဘယ်လွတ်သွားပါ့မလဲ သူမ မထိန်းချုပ်နိုင်စွာဘဲဒီနှစ်ယောက်ရဲ့မရင့်ကျက်သေးတဲ့အပြုမူတွေကချစ်ဖို့ကောင်းတယ်လို့တွေးနေမိတယ်။ သူမလည်းအဲ့အတိုင်းလှေကားထစ်ဆင့်ကိုတက်သွားလိုက်ပြီး " Jiang Yang လိုအတန်းဖော်မျိုးကအရမ်းကိုကြင်နာတာပဲ သူ့လက်ထဲကအဲ့ဒီစာအုပ်တွေကငါ့အတန်းအတွက်ပါ။သူကငါသယ်လာတာမြင်ပြီးလာကူသယ်ပေးတာပါ "
Qin Xu ကစာအုပ်တွေမှာရေးထားတဲ့အတန်းနံပါတ်ကိုကြည့်လိုက်ပြီးတကယ်ပဲ Wu Tong ရဲ့အတန်းပဲဆိုတာသိလိုက်တယ်။သူကJiang Yang ဆီကစာအုပ်တစ်ဝက်ကိုချက်ချင်းကူသယ်လိုက်ပြီးဟန်ဆောင်ပန်ဆောင်ပြောလိုက်တယ် -" ငါJiang Yang ကိုကူပေးလိုက်မယ် သူပင်ပန်းနေမှာစိုးရင် "
သူ့ရဲ့လုပ်ရပ်ဟာအလွန်လျင်မြန်လှတဲ့အတွက်Jiang Yang ဟာသူ့ကိုငြင်းဖို့တောင်အခွင့်ရေးမရလိုက်ဘူး။သူကသူ့နှုတ်ခမ်းကိုတင်းတင်းစေ့ရင်းစာအုပ်တစ်ဝက်လောက်ဆွဲထုတ်သွားတာကိုကြည့်နေလိုက်ရတယ်။
ထို့နောက် Qin Xu ဟာအလွန်သဘာဝ ကျကျပဲJiang Yang ဘေးကိုလျှောက်လာလိုက်ပြီးသူ့ခေါင်းနဲ့ခန္ဓာကိုတော့Wu Tongဘက်လှည့်ပြီးစကားပြောတယ်။Jiang Yang ကတစ်ခုခုပြောချင်တိုင်းသူဟာလိမ္မာပါးနပ်စွာနဲ့ခေါင်းစဉ်ပြောင်းလိုက်ပြီးJiang Yangပြောစရာမရှိအောင်လုပ်တယ်။Jiang Yangသူတို့နှစ်ယောက်ကြားမှာရှိနေပေမဲ့လူပိုတစ်ယောက်လိုခံစားနေရတယ်။
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...