I'm not feeling well these days..physically and mentally.I'm also not able to update since I wasn't feeling well. I'm taking a hiatus.I'll be back as soon as I'm recovered.Hope you're all taking care of yourself.
Unicode
Chapter 22: System
ကျန်းယန် သရဲတစ်ကောင်ကိုမြင်လိုက်ရသလိုမျိုး ခဏလောက်အသိစိတ်လွတ်သွားပြီးနောက် ချက်ချင်းကိုငြင်းဆိုလိုက်သည်။
"မဖြစ်နိုင်တာ ဘာတွေလာပြောနေတာလဲ ငါကဘာလို့မင်းကိုကြိုက်ရမှာလဲ မင်း ရူးနေလား"
ထိုသို့ပြောပြီးနောက် သူဟာ သူ့ပါးစပ်ကနေကြမ်းတမ်းပြီးရက်စက်တဲ့ စကားလုံးတွေ ထွက်မလာခင် အမြန်လှည့်ပြေးတော့၏။
ချင်ရွှီက ဒါကိုမြင်တော့မအောင့်နိုင်ဘဲရယ်မိလေသည်။ ကျန်းယန် သူ့အကြောင်းသိသွားလို့ သူ့ဆီကနေထွက်ပြေးချင်နေပုံပဲလို့တွေးနေခဲ့ကာ ကျန်းယန်နောက်ကနေဖြည်းဖြည်းလေးလိုက်သွား၏။
သူဖြည်းဖြည်းလေး လိုက်နေခဲ့ပေမဲ့လည်း ခြေသံက ရှင်းရှင်းလင်းလင်းကြီးကို ကြားနေရသဖြင့် ကျန်းယန်ဟာ သူ့ဆီကနေရှောင်ပုန်းချင်နေသလိုမျိုး ခြေလှမ်းများကိုပိုမြန်လိုက်လေသည်။
ချင်ရွှီကတော့ ကျန်းယန်နောက်မှ အေးအေးလူလူပဲလိုက်လာလေ၏။ကျန်းယန်သူ့အားကြိုက်နေသည်ဟု သုံးသပ်လိုက်ရတာက လိုရာဆွဲတွေးပြီးမှရလာတာမျိုးမဟုတ်ပါ..ကျန်းယန်အား စေ့စပ်သေချာစွာစောင့်ကြည့်ခဲ့ပြီးမှ ဒီလိုသုံးသပ်ချက်မျိုးထွက်လာခြင်းပင်။သူဘာလို့များ အရင်ကတည်းက ကျန်းယန် ကွေးနေတာကို မသိခဲ့ရတာလဲ။သူဝူထောင့်ကို ကြိုက်တယ်ဆိုတာလည်း တမင်ကို coverယူချင်လို့ပဲဖြစ်မှာ။ဝူထောင်နဲ့သူ့ကိုမနီးစပ်စေချင်လို့ သဝန်တိုပြီး လိုက်နှောင့်ယှက်နေတာပဲဖြစ်မယ်။ တိတ်တိတ်ကလေး သူ့အတွက် ထိုအရာများကို လုပ်ပေးနေခဲ့ပြီးတော့ အပြင်ပန်းမှာတော့မောက်မာဝင့်ကြွားနေတဲ့အမူရာနဲ့...ထိုသို့ပြုမူမှသာလျှင်လည်း သူ့ဆီမှ အာရုံစိုက်မှုကို အလွယ်လေးရမည်ပင်ဖြစ်ချေ၏။
တွေးကြည့်ရုံနဲ့တင် ချင်ရွှီဟာ သူတောင်သတိမပြုမိပါဘဲ မျက်နှာပြင်ထက်ဝယ် အလွန်ကိုနှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခုကဖြစ်ပေါ်လာကာ...သီချင်းလေးညည်းလို့ရယ် ပြုံးရွှင်စွာဖြင့် လှေကားထစ်ပေါ်သို့ တက်လှမ်းလျက်ရှိ၏။
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...