Unicode
Chapter 24: Kabe-don
အတန်းပြီးတာနှင့် ကျန်းယန်နှင့်ချင်ရွှီဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး လျင်မြန်စွာထရပ်ကာ မည်သူမျှမရှိသော ကော်ရစ်ဒါသို့သွားရောက်ပြီး ဆွေးနွေးခြင်းအမှုကိုပြုလိုကြသည်။ ( သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်တာက ပါးစပ်ကထုတ်မပြောလည်းဘဲတစ်ယောက်ကိုတစ်ယောက်နားလည်ကြောင်း ကြည့်တဲ့ပုံစံနဲ့စိုက်ကြည့်နေတာပါ )
ပထမဦးဆုံး နှစ်ယောက်သားဟာ systemနှင့်စပ်လျဥ်း၍ အတင်းကျပ်ဖိအားပေးကာ ပေးအပ်လာသောtaskများနှင့်ပတ်သက်ပြီး အခြေနေကိုရှင်းပြချင်သည်။သို့မှသာလျှင် အထင်မြင်လွဲမှားမှုများက ဖြေရှင်းပြီးသားဖြစ်သွားမည်။
ချင်ရွှီရဲ့systemမှာ တစ်နေ့တာလုံးအချိန်ပြည့်ရှိမနေ..စကားအနည်းငယ်ပြောခြင်းဖြင့်ရှင်းပြခြင်းအမှုပြီးဆုံးသည်..ဒီလောက်သာ။ကျန်းယန် သူ့ဘက်ကအခြေနေကိုရှင်းပြပြီးမှဘဲ သက်ပြင်းချနိုင်တော့၏။
" မင်းကိုစောင်ခြုံပေးတာတွေ မနက်စာဝယ်ပေးတာတွေ စတာတွေအကုန်လုံးက taskတွေချည်းပဲ...အဲ့တာကိုအကြောင်းပြပြီး မင်းကိုကြိုက်နေတယ်လို့ စွပ်စွပ်ဆွဲဆွဲလျှောက်,လျှောက်နောက်မနေနဲ့ "
သူ့ရဲ့ဖြေရှင်းချက်ကိုကြားတော့ ချင်ရွှီရှက်သွားတယ်။သူ တကယ်ပဲ ကျန်းယန်ကိုအထင်လွဲခဲ့ပေမဲ့ ကျန်းယန်မှသူ့အားစနောက်နေသည်ဟု ယူဆပြောဆိုလာတာကြောင့် ပျော်ပျော်ကြီး လက်ခံလိုက်နိုင်သည်။သူဟာရည်ရွယ်ချက်ရှိရှိပြုံးလိုက်ပြီး သူဘာမှအတွေးမလွန်ခဲ့သလိုပဲ " ငါဒီတိုင်းစနောက်လိုက်ရုံပါ...ငါတို့နှစ်ယောက်လုံးယောင်္ကျားလေးတွေလေ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ......ဟားဟား "
ဟုတ်တာပေါ့..အခုလက်ရှိ သူ(ချင်ရွှီ)ကတော့ နောင်လာမယ့်အနာဂတ်မှာ ပါးတွေနားတွေယောင်ကိုင်းလာတဲ့ထိ မျက်နှာကိုဖြတ်ရိုက်ခံရမယ်ဆိုတာ ဘယ်သိပါ့မလဲ။ ( နောင် ကျန်းယန်ကို ကြိုက်လာမှာကိုမသိသေးတော့လဲ...ခုကမကြိုက်သေးတော့ ပြောထားဦးပေါ့လေ အဲ့လိုပြောချင်တာပါ)
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...