Chapter 32

934 209 0
                                    

Unicode

Chapter 32: Picky eater

စိတ်ထဲတွင်ရှိနေသော ကိုယ်စီအတွေးများကိုမေ့ဖျောက်လိုက်ကြပြီးနောက် လီယွီသည် လိုအပ်သည့်ပစ္စည်းပစ္စယများဖြစ်သောနားကပ်၊ အရက်ပြန် ဂွမ်းနှင့်ပိုးသတ်ဖြန်းဆေးတို့ကို ဘူးလေးထဲသေချာထုပ်ပိုးပြီး သူတို့ကိုပေးလိုက်သည်။

နောက်ဆုံးတွင် ခက်ခဲကြမ်းတမ်းလှပါသောနားဖောက်သည့်လုပ်ငန်းစဥ်မှာ ပြီးဆုံးသွားခဲ့ချေပြီ။ကျန်းယန်၏ မျက်လုံးနှင့်နားရွက်လေးများကနီစွေးလျက်ရှိနေပြီး အေးစက်စက်ဖြင့်ဆိုင်ထဲမှလျှောက်ထွက်သွားလေသည်။အစကနေအဆုံးထိ ချင်ရွှီအားစကားတစ်ခွန်းမှမပြောခဲ့ပါ။ချင်ရွှီသည် ထိုသူအားဘေးကနေ ခိုးကြည့်လိုက်သော် မျက်နှာအမူယာမှာမပျော်မရွှင်ဖြစ်နေသော်ငြား ချောမောသောရုပ်သွင်ပြင်ထက် နားကပ်နှင့်ပနံသင့်လှစွာလိုက်ဖက်နေသဖြင့် နားဖောက်လိုက်ရသည့်အတွက် အလွန်တရာကိုကျေနပ်နေခဲ့လေသည်။

အပြန်တွင် နှစ်ဦးသား တိတ်တိတ်ဆိတ်ဆိတ်နှင့် ကားနောက်ခန်းကထိုင်၍လိုက်လာကြသည်။ချင်ရွှီသည် တစ်စုံတစ်ခုအားစဥ်းစားတွေးတောနေရင်းဖြင့် မသိစိတ်အလိုအရ လက်ချောင်းများက အိတ်လက်ကိုင်အားပွတ်ချေနေပြီး ထို့နောက် ဖုန်းမြည်လာလေသည်။သူဖုန်းကိုအမြန်ကိုင်​လိုက်ကာ တိုတုတ်စွာပြန်ဖြေပြီး ခဏအကြာတွင်ဖုန်းချလိုက်၏။

သူသတိပြန်ဝင်လာသည့်အခါမှာတော့ အနည်းငယ်လန့်ဖြန့်သွားပြီး အစောကလောက် ကျေနပ်အားရမှုမရှိတော့ဘဲ သူ့မျက်နှာပေါ်ရှိအေးဆေးသောအမူယာအားလုံးပျောက်ကွယ်သွားလေသည်။ထို့နောက် အပြစ်ရှိစွာဖြင့် ကျန်းယန်အားတံတောင်ဖြင့်လှမ်းတွတ်လိုက်၏။

ကျန်းယန်ကသူ့ကိုအေးစက်စွာကြည့်လာသည်။

ချင်ရွှီသည် လေပြေသွေးကာဖြင့် " အစောက မင်းအမေဆီကဖုန်းဝင်လာတယ်..မင်းရဲ့ဦးလေး ကြက်သားတွေဝယ်လာလို့ သူမကစွပ်ပြုတ်ပြုတ်ထားတယ်တဲ့ မင်းကိုအိမ်ပြန်လာစေချင်နေတယ် .... "

ကျန်းယန်သည် သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး လက်နှစ်ဖက်နှင့်နဖူးပေါ်ရှိသွေးကြောများက ဒေါသကြောင့် ထောင်မတ်လို့လာရသည်။ထို့နောက် ဒေါသတကြီးဖြင့် " မင်းဘာလို့စောစောကမပြောတာလဲ "

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now