Chapter 21 : Alone

1.1K 273 6
                                    

Unicode

Chapter 21: Alone

တနင်္လာနေ့ နိုင်ငံတော်အလံလွှင့်ထူပြီးနောက် အတန်းချိန်များဟာ အရင်လိုပဲ ပုံမှန်ပြန်စပါတော့သည်။

ကျန်းယန် တန်းစီရင်း လေထဲလွင့်နေသောနိုင်ငံတော်အလံအား ကြည့်ရှုနေခဲ့သည်။အတန်းခေါင်းဆောင်က လော်စပီကာမှတစ်ဆင့် အသံကျယ်ကျယ်ဖြင့် တန်းစီနေကြသောကျောင်းသား/သူများ အကုန်လုံးကြားအောင် မိန့်ခွန်းပြောနေခဲ့၏။

ကျန်းယန် ရုတ်တရက်ကြီး လွန်ခဲ့သောရက်က systemမှပြောခဲ့သည့် အပြစ်ပေးခံရမည့်ပြစ်ဒဏ်ကို စဥ်းစားမိသွားသည်။အကယ်၍ သူသာထိုစင်မြင့်ပေါ်တက်ပြီး လော်စပီကာဖြင့် ချင်ရွှီနှင့်သူငယ်ချင်းဖြစ်ချင်သည်ဆိုသော စာကြောင်းအားပြောရမည်ဆိုပါက ကျောင်းမှာဝက်ဝက်ကွဲကို လူပြောများမည့် ခေါင်းစဥ် ဖြစ်လာပေလိမ့်မည်။အဲ့systemက သူတို့နှစ်ယောက်ကိုအဲ့လောက်တောင် သူငယ်ချင်းဖြစ်စေချင်နေတာလား။စင်ပေါ်ကနေ တစ်ယောက်ယောက်ကသူ့အား ထိုသို့ပြောလာခဲ့ပါက သူ့ကိုလာနှောင့်နေတာလားဆိုပြီး ထိုသူအားလက်စင်ပေးလိုက်မှာသာဖြစ်၏။

အတန်းပြီးတော့ ဆရာကသူတို့ရဲ့ အိမ်စာစာအုပ်တွေကိုတင်ထားခဲ့ပြီး ထွက်သွားတော့သည်။

ကျန်းယန် သူ့စာအုပ်ကိုယူဖို့သွားတော့ ချင်ရွှီရဲ့စာအုပ်က သူ့စာအုပ်အောက်မှာဖြစ်တာကြောင့် ထိုစာအုပ်ကိုပါယူလာလိုက်ပြီး သူ့ခုံကိုပြန်ရောက်တော့ ပစ်ပေးလိုက်၏။

မနက်စာစားနေသော ချင်ရွှီကဒါကိုမြင်တော့ ကျေးဇူးတင်ကြောင်း မသဲမကွဲပြောလာတယ်။

ကျန်းယန်ဟာထိုသူအား လျစ်လျှူသာရှုနေပြီး သူ့အိမ်စာကိုသာစလုပ်နေတော့သည်။သို့သော် နေရောင်က သူထိုင်နေတဲ့နေရာသို့ ထိုးကျနေကာ မျက်လုံးကသိပ်မမြင်ရပဲ စာကိုအာရုံစိုက်လို့မရပေ။မျက်မှောင်ကျုံ့ပြီး ထရပ်ကာ နေရောင်ကိုကာရန် လိုက်ကာကိုဆွဲလိုက်ပြီးနောက် သူ့နေရာသူပြန်သွားပြီးအိမ်စာဆက်လုပ်၏။

သို့သော် သိပ်မကြာခင်မှာဘဲ အရှေ့တန်းမှအတန်းဖော်တစ်ယောက်က လိုက်ကာကိုဆွဲလိုက်တာကြောင့် ကျန်းယန်ဘက်နေရောင်ပြန်ကျလာတယ်။သူ မျက်မှောင်ကျုံ့သွားပေမဲ့ ထပြီးတော့လိုက်ကာကိုပြန်မဆွဲတော့ဘဲ စာအုပ်နဲ့သာ နေကာလိုက်တော့သည်။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now