Chapter 5:Mutual glare(Uni)

1.8K 300 4
                                    

ထိုသို့သောရိုင်းရိုင်းစိုင်းစိုင်းစကားများပြောလိုက်သောအခါပတ်ဝန်းကျင်ရဲ့လေထုအခြေအနေဟာရုတ်တရက်အေးခဲသွားပြီးအခန်းကချက်ချင်းကိုတိတ်ဆိတ်သွားတယ်။  ကျန်တဲ့ကျောင်းသားတွေမှာတော့ရန်ပွဲကြီးတစ်ခုဖြစ်လာတော့မလားဆိုပြီးစိုးရွံ့​​​ထိတ်လန့်နေကြတယ်။

Qin Xu ကအေးစက်စွာနဲ့မျက်တောင်ခတ်လိုက်ပြီးလက်တစ်ဖက်ကိုစားပွဲအစွန်းပေါ်သို့တင်လိုက်တယ်။ အနားကိုကပ်လာပြီးအပေါ်စီးကနေ Jiang Yang ကိုကြည့်ရင်း
“ မင်းရဲ့boxကလမ်း​ကိုအဟန့်တားဖြစ်နေတယ်မဟုတ်လား”

သူ့ရဲ့နက်ရှိုင်းပြီး မှောင်မိုက်နေတဲ့မျက်လုံးတွေနဲ့ငေးကြည့်ခံနေရရုံနဲ့တင် မတတ်နိုင်စွာနဲ့ဘဲဖိအားကိုခံစားရစေတယ်။

Jiang Yang ရဲ့မသိစိတ်ဟာနောက်ကိုလှည့်ပြီးသူ(QX)နှင့်ဝေးကွာနေချင်ပေမဲ့လည်းသူစတင်ရွေ့လိုက်တာနဲ့သူဟာသူ့(QX)ကိုပိုပြီးတော့တောင်မှကြောက်ရွံ့နေပုံရတယ်ဟုထင်မြင်လာနိုင်စေတယ်ဆိုတာသိတာကြောင့်သူဟာငြိမ်ငြိမ်လေးပဲဆက်လက်နေခဲ့တယ်နောက်ကိုပြန်မဆုတ်ပဲနဲ့ပေါ့။အဲ့အစားသူဟာလည်ပင်းကိုမတ်လိုက်ပြီးပီးQin Xu ဆီပိုတိုးလိုက်ကာစိုက်ကြည့်နေလိုက်တယ်။သူတို့နှစ် ဦးလုံးတစ်ဦးကိုတစ်ဦးပြင်းထန်စွာစိုက်ကြည့်နေပြီးဘယ်သူကမှအရှုံးပေးရန်ရည်ရွယ်ချက်မရှိပါ။ဒါဟာပထမဆုံးအကြည့်လွှဲတဲ့သူကအရှုံးသမားဖြစ်မည့်အလား။

သို့သော်လည်း, အဲ့အချိန်မှာဘဲ, ရေချိုးခန်းကပြန်လာတဲ့ဘာမှမသိတဲ့ Huang Shao တစ်ယောက်ကတော့သူရဲ့ရေပုလင်းကိုကိုင်ပြီးစာသင်ခန်းဆီသို့ခုန်ကျော်ဝင်လာတယ်။  သူဟာဒီမြင်ကွင်းကိုမြင်ပြီးစာသင်ခန်းအတွင်းတင်းမာနေတဲ့အခြေနေနဲ့စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်ကိုသတိမပြုမိခဲ့ပါ။ သူက​နောက်နောက်ပြောင်ပြောင်နဲ့မေးလိုက်တယ် -"ဟေ့၊ မင်းတို့ဘာတွေကစားနေတာလဲ။ရှုံးလျှင်နမ်းဖို့လိုလို့လား။ဒါကတော်တော်လေးကောင်းတဲ့အပြစ်ဒဏ်ပဲ"

သူဟာအဲ့လိုပြောပြီးတာနဲ့မျက်ခုံးကိုပင့်မြှောက်ပြီးသူလည်းပါချင်တယ်လို့ပြောလိုက်သေး။ အခြားကျောင်းသားတွေကသူ့ကိုဖြစ်ပျက်နေတဲ့အခြေနေကိုအသိပေးချင်ပေမဲ့လို့သူကလျင်မြန်စွာနဲ့ရောက်သွားပြီးတော့လေထုအခြေနေကိုပိုဆိုးအောင်လုပ်လိုက်တယ်။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now