Chapter 29

1K 214 4
                                    

Unicode

Chapter 29 : Ear Piercing

ချင်ရွှီ၏အိမ်သည် ခေတ်မီဒီဇိုင်းပုံစံဆောက်ထားပြီး အလွန်ရိုးရှင်းကာ သန့်ရှင်းသပ်ရပ်လှသည်။ ဧည့်ခန်းမှာ နွေးနွေးထွေးထွေးရှိလှသောအဝါရောင်များဖြင့်အလှဆင်မွမ်းမံကာ တန်ဆာဆင်ထားပြီး အိမ်လေးမှာနေချင်စဖွယ်နွေးထွေးမှုကိုပေးစွမ်းနေ၏။ မမျှော်လင့်စွာဘဲ ၎င်းသည် သာမာန်အိမ်တစ်လုံးလိုပင် အလှဆင်ထားခြင်းဖြစ်သည်။

ကျန်းယန်သည် ဖိနပ်ကိုအ၀င်ဝတွင်​ချွတ်လဲလိုက်ပြီး ဧည့်ခန်းဘက်သို့လှမ်းကြည့်ရင်း တိတ်တခိုးလေးသက်ပြင်းချ၏။ထို့နောက်သူသည် လျင်မြန်စွာပဲသူ့လုပ်ရပ်ကိုပြန်သုံးသပ်သည်၊ ၎င်းသည် သာမန်အိမ်တစ်လုံးလည်းဆိုရော သူကအဘယ့်ကြောင့်များ အံ့သြတသသဖြစ်နေရသနည်း..ဂြိုလ်သားပုံစံအဆောက်အဦး ဒီဂရေးရှင်းကိုများသူကမျှော်လင့်နေခဲ့မိတာလား။

သူကိုယ်တိုင်လည်း သူ့ကိုယ့်သူပြန်တွေးကာ မရယ်ဘဲမနေနိုင်..ကြိတ်ရယ်လေသည်။

သူလှည့်ကြည့်လိုက်သောအခါ ချင်ရွှီမှသူ့အား စိတ်ဝင်တစားနှင့် စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ ထိုသူကသိချင်စိတ်နှင့် သူ့အားမေးလာ၏။

"မင်းဘာလို့ရယ်နေတာလဲ"

ကျန်းယန်က နှုတ်ခမ်းကိုအသာအယာသပ်လိုက်ပြီး အနေခက်စွာပြုံးလိုက်ရင်း "ဘာမှမဟုတ်ဘူး"

ထို့နောက်သူက " မင်းမိဘတွေရော "

ချင်ရွှီက ပုခုံးကိုတွန့်ကာပြန်ဖြေလာသည်။

" အိုး..ငါမင်းကိုပြောဖို့မေ့သွားတယ် "

" သူတို့ကအပြင်မှာအလုပ်လုပ်နေကြတာ..တခါတလေဆို ရက်သတ္တပတ်အနည်းငယ်လောက်ထိအိမ်ပြန်မလာကြဘူး..ငါတစ်ယောက်တည်းပဲ အိမ်မှာရှိတာ "

ကျန်းယန်က သူ့ကိုအံ့သြဘနန်းနှင့် ကြည့်လိုက်ပြီး မျက်မှောင်ကိုကြုတ်သည်။ ဒီလိုမျိုးကြီးပြန်ဖြေလာလိမ့်မယ်လို့ သူ..မမျှော်လင့်ထားခဲ့ပါ။

ချင်ရွှီကတော့ တစ်ယောက်တည်းနေရသည်ကို နေသားကျနေပြီဖြစ်တာမို့ အများကြီးမတွေးမိပေ။ ထို့အပြင် သူကအခုကလေးလည်းမဟုတ်တော့..ကြီးကောင်ဝင်နေပြီဆိုတော့ တစ်ယောက်တည်းနေရတာ ပိုအဆင်ပြေတယ်လို့ ခံစားရသည်။ သို့သော် ကျန်းယန်၏မျက်ဝန်းထဲမှ စိတ်ခံစားချက်အပြောင်းအလဲကို မြင်လိုက်ရသောအခါဝယ် ဉာဏ်အလင်းပွင့်သွားကာ ၎င်းအား အခွင့်ရေးယူလို့ရသည်ပင်။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now