Unicode
Chapter 38: Sleeping together
ကျန်းယန်သည် စာပြန်ရေးရမည်ကိုတောင်အလွန်ပျင်းရိနေသဖြင့် အံကြိတ်ကာငြင်းဆိုလိုက်သည်။
" မရဘူး "
ချင်ရွှီသည် ချက်ချင်းဆိုသလိုပင် ခေါင်းကိုမော့လာပြီး မျက်နှာပြင်ထက် မျက်ရည်များကစီးကျလို့လာသည်။ထိုသူ၏မျက်နှာအမူယာမှာ သိပ်ပြီးကြီးကြီးမားမားတော့ပြောင်းလဲမနေပေ၊သို့သော်ငြား မြင်ရသူအားစိတ်မကောင်းဖြစ်အောင် လုပ်နိုင်စွမ်းရှိလေသည်။နဖူးကလည်းရဲလို့နေသည့် ထိုသူသည်
" ဘာလို့လဲ "
ကျန်းယန်ကဒေါသထောင်းခနဲ " မရဘူးဆို မရဘူး "
ချင်ရွှီကပြန်လည်ဖီဆန်သည်။
"PaPaနဲ့အိပ်ချင်တယ်"
F**k! မင်းအသက်ပဲဘယ်လောက်ရှိနေပြီလဲ?
ကျန်းယန်သည် နဖူးကိုအုပ်ကိုင်လိုက်ပြီး၊နှဖူးပြင်ရှိသွေးကြောများကထိုးထောင်လို့နေသည်မှာ ပေါက်ထွက်လုနီးနီးပင်၊သူသည်အစောပိုင်းက သူ့ကိုယ်သူ ချင်ရွှီ၏အဖေပါလို့ပြောခဲ့မိသည့်အတွက် နောင်တရနေမိတော့သည်။မဆင်မခြင်ပြောလိုက်မိသည့်စကားများကြောင့် မိမိသေတွင်းမိမိတူးခဲ့မိသည်ကိုတော့ သူသတိမပြုမိခဲ့ပေ။
ချင်ရွှီသည် ယခုချိန်၌အတိတ်မေ့ဝေဒနာကိုခံစားနေရသည့် ကလေးတစ်ယောက်ပင်ဖြစ်သော်ငြား သူဖြစ်ချင်လုပ်ချင်သည့်လိုအင်ဆန္ဒများကတော့ ပြောင်းလဲခြင်းအလျဥ်းမရှိပေ။ထိုအစား ခေါင်းကြောပိုမာလာပြီး ဘာကိုတော့လုပ်ရမည် ဘာကိုတော့မလုပ်ရပါ..စသဖြင့်လည်း သူနားလည်ခြင်းမရှိ။သူသည် ကျန်းယန်အား မဟူရာရောင်တောက်ပနေသည့်မျက်ဝန်းအစုံဖြင့် ဆက်လက်၍စိုက်ကြည့်လို့နေပုံမှာ ကျန်းယန်သဘောမတူမချင်းလက်လျှော့မည့်ဟန်မရှိ။
ကျန်းယန်ကမျက်လုံးသာလှန်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...