Chapter 8 : Playful Antics (Uni)

1.3K 267 6
                                    

Jiang Yang ဟာ Huang Shao မှနောက်ကနေထပ်တွန်းလိုက်တာကြောင့်Qin Xu ရဲ့လက်မောင်းထဲထပ်လဲကျပြန်တယ်။သူဟာပြန်ထချင်ပေမဲ့လို့သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကလှုပ်လို့မရဖြစ်နေတယ်။သူဟာကြာရှည်စွာရုန်းကန်နေပြီးနောက်သူဟာထပ်ပြီးဖိမိတော့မလိုတောင်ဖြစ်သွားတယ်။သူဟာနာကျင်မှုကြောင့်Qin Xu ကိုစိတ်ထဲကနေကျိန်ဆဲလိုက်တယ်:မင်းရဲ့ခန္ဓာကိုယ်ကသတ္တုနဲ့ပြုလုပ်ထားတာလား။ဘာကြောင့်အရမ်းကိုမှမာကျောနေရတာတုန်း။

ပုံမှန်အားဖြင့်ဆိုပျော့ပျောင်းတဲ့နှာခေါင်းအရိုးနုနဲ့မာကြောတဲ့ပခုံးအရိုးတွေနှင့်နှိုင်းယှဉ်လို့မှမရဘဲ။Jiang Yang ရဲ့အနေထားဟာဆိုးရွားနေပြီးသူ့ရဲ့နှာခေါင်းလေးဟာလည်းဖိမိတဲ့အတွက်ကြောင့်နီလာတယ် သူဟာနာကျင်တဲ့အတွက်ကြောင့်မျက်လုံးရဲ့ထောင့်စွန်းမှာမျက်ရည်လေးတွေဝေ့သီလာတယ်။

ဒါကိုမြင်တော့ Qin Xu ကသူ့ကိုမတ်တတ်ရပ်နိုင်အောင်ကူပေးလိုက်ပြီး မဲ့ပြုံးလေးနဲ့ “ Huang Shao တော်လောက်ပြီ။မင်းမြင်လားမင်းလုပ်တာJiang Yang ငိုတော့မယ်။

ထိုစကားများဟာသူသည် Jiang Yang အားဒီခက်ခဲတဲ့အခြေအနေကနေကူညီဖို့ကြိုးစားနေပုံရသည်ဟုထင်ရကောင်းထင်နိုင်သော်လည်းသူ့မှာကောင်းမွန်တဲ့ရည်ရွယ်ချက်မရှိတာကိုရှင်းရှင်းလင်းလင်း​သိနိုင်ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာလှောင်ပြောင်သရော်မှုတွေနဲ့သာပြည့်နှက်နေတယ်။

Jiang Yang ဟာသူ့ရဲ့စကားတွေအတွက်ကျေးဇူးမတင်နိုင်ဘူး သူဟာစိတ်ဆိုးမာန်ဆိုးနဲ့ “ မင်းအမေကိုပဲသွားငိုလိုက်”

Qin Xu ကစိတ်ပျက်စရာကောင်းစွာပဲပြန်တုံ့ပြန်လာတယ်။ “ ငါ့အမေကဒီမှာတောင်မှမရှိတာ၊ ဘာငိုစရာရှိလို့လဲ။ သူမကသူမရဲ့နှာခေါင်းကိုမှမခိုက်မိတာ "

ထပ်ပြီးလုံလောက်မှုမရှိသေးသည့်အလားသူဟာJiang Yangရဲ့ဦးခေါင်းထိပ်လေးကိုသပ်ပေးလိုက်ပြီးကလေးငယ်တစ်ယောက်ကိုနှစ်သိမ့်ပေးနေသလိုမျိုးပြုံးပြီးပြောလာတယ်: "မငိုပါနဲ့ကွာ ဆက်ပြီးငိုနေရင်မင်းကိုသကြားလုံးမကျွေးတော့ဘူးနော်”

Jiang Yang ……ဟာပေါက်ကွဲသွားတယ်။

ဒါဟာသူ့အတွက်အရမ်းကိုမှကြီးမားတဲ့စော်ကားမှုကြီးပဲ။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now