Unicode
Chapter 17: Voice chat
system မှတာဝန်တစ်ခုပေးအပ်လာသည်။
ခေါင်းထဲမှ systemရဲ့အသံကိုကြားလိုက်ရတဲ့အချိန် ကျန်းယန်ကသူ့ရဲ့တစ်ဝက်တစ်ပျက်စိုနေသော ဆံပင်ကိုသုတ်နေသည်။ဆံပင်ကစုတ်ဖွာနေပြီး သေချာတောင်မဖြီးသင်နိုင်ဘဲ ထိုအတိုင်းသာထားလိုက်တော့၏။
system မှ "ချင်ရွှီနဲ့၁နာရီကြာ စကားပြောရမည်။နှစ်ယောက်သားပြောနေစဥ်ကာလမှာ ၁၀စက္ကန့်ထက်ပို၍ တိတ်သွားလို့မရပါ။ပျက်ကွက်ပါက ချင်ရွှီအား ခင်မင်ရင်းနှီးစွာဖြင့် လက်ဆောင်တစ်ခုပေးရမည်။
အဲ့ဒါကိုကြားကြားချင်းပဲ ကျန်းယန်တစ်ယောက်ဆံပင်ကိုထိုးဖွလိုက်တယ် "ငါကသူနဲ့ဘာအကြောင်းပြောရမှာလဲ ? ဆဲလို့ရလား ?သူ့ကိုသာဆဲနေရရင် တစ်နာရီကျော်သွားလည်းဖြစ်တယ် အိုကေ "
System: “…..No.”
ခဏလောက်ရပ်သွားပြီးမှ လေးလေးနက်နက်ထပ်ပြောလာ၏ "ဆဲရေးတာ ကောင်းတဲ့အရာမဟုတ်ဘူး"
ကျန်းယန် မနှစ်မြို့စွာ နှာခေါင်းရှုံ့လိုက်၏။မဆဲဘဲနေရမယ်ဆိုရင် ဒီဘဝကြီးကဘာအဓိပ္ပာယ်ရှိတော့မှာလဲ?!
သူစိတ်မပါတာကိုသိတော့ systemမှမေးလာသည် "အရှုံးပေးပြီး အပြစ်ပေးတာပဲခံလိုက်မလား"
ကျန်းယန် မျက်နှာကြီးမဲလာကာ ခေါင်းခါလိုက်သည်။ ငှက်သိုက်လိုဆံပင်ကို ထိုးဖွနေပြီးတဲ့နောက် ဖုန်းကိုကောက်ကိုင်လိုက်ကာ ချင်ရွှီအား WeChatမှာaddလိုက်သည်။
ကျန်းယန်က မေးကိုလက်ထောက်ကာ ချင်ရွှီနဲ့အဲ့၁နာရီအတောတွင်း ဘာပြောရမလည်း စဥ်းစားနေသည်။နောက်ဆုံးတော့ ချင်ရွှီဘက်က သူ့ရဲ့fri requestကိုလက်ခံကြောင်း စာပေါ်လာသည်။
noti တက်လာတာပေမဲ့လို့ ကျန်းယန်သည်သူ့ကိုsystemမှ အတင်းကျပ်လောဆော်နေသလိုခံစားရသည်။ကံကောင်းစွာနဲ့ သူဟာချင်ရွှီနဲ့ပျော်ရွှင်စွာ စကားစမြည်ပြောနိုင်မယ့် နည်းလမ်းကိုစဥ်းစားလို့ရသွားသည်။
ကျန်းယန် စာပို့လိုက်တယ်။
Voice chat? (ဂိမ်းကစားတဲ့အခါ အသံဖွင့်ထားပြီး အချင်းချင်းချိတ်ဆော့ကြတာ I don't play online games so I don't know how its work )
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...