Unicode
Chapter 33: Misunderstanding
ကျန်းယန်သည် မုန်လာဥနီများကိုငြင်းပယ်ရန်ကြံနေသည့် ချင်ရွှီ၏လက်အားချုပ်ထားပြီးရပ်တန့်စေလိုက်သည်။ချင်ရွှီ လှည့်ကြည့်လိုက်သောအခါတွင် ကျန်းယန်၏သတိပေးလိုသည့်ဟန်အကြည့်စူးစူးများနှင့် ရင်ဆိုင်လိုက်ရပြီး စိတ်ဖိစီးသွားလေ၏..ဒီလောက်အရသာဆိုးရွားတဲ့ဟာကြီးကို သူက ဘယ်လိုသည်းခံပြီးစားရမှာလဲ။
ချင်ရွှီသည် ကျန်းယန်အား အကြွေးတင်နေသည်ဟုခံစားနေရသဖြင့် မုန်လာဥနီများကိုရဲရဲတင်းတင်းပင်ကောက်ယူလိုက်ပြီး ပါးစပ်နှင့်အပြည့်တစ်လုပ်တည်းသွင်းလိုက်လေသည်။သူသည် မုန်လာဥနီအရသာအားပပျောက်သွားစေရန်အလို့ငှာ ထမင်းနှင့်ဝက်သားချိုချဉ်ကြော်တို့ကိုပါ တစ်ပြိုင်နက်တည်းသွတ်လေ၏။
ညစာစားနေချိန်တွင် မားမားကျန်းသည် ကျန်းယွမ်အား အစားချေးများနေခြင်းကြောင့်ဆူပူကြိမ်းမောင်းလို့နေပြီး..ကျန်းယန်တောင်မှ အရင်ကမစားသည့်မှိုအား ယခုစားနေပြီဖြစ်ကြောင်းကိုညွှန်ပြကာပြောလေ၏။
ကလေးများသာ အစားရွေးခြင်းမဟုတ်ပေ..အသက်၄၀ထဲဝင်နေသောပါးပါးကျန်းသည်လည်း ခရမ်းသီးမြင်တိုင်းသူ့မျက်နှာကရှုံ့မဲ့သွားလေ့ရှိသည်။သို့သော် သူ့မိန်းမ၏အမိန့်အာဏာကိုမဖီဆန်နိုင်သဖြင့် အတင်းကျိတ်မှိတ်စားရ၏။
ချင်ရွှီ ထိုစကားကိုကြားလိုက်ရသောအခိုက်အတန့် မျက်နှာကရုတ်ချည်းဆိုသလိုဝင်းပလာလေသည်။သူသည် အံ့သြဖွယ်ရာသတင်းထူးကို ကြားလိုက်ရသကဲ့သို့ပင်၊အိမ်ရှင်သဖွယ် မှိုများကိုကလော်ကာကျန်းယန်၏ပန်းကန်ထဲသို့ခပ်ထည့်ပေးလိုက်၏။
" ချင်ရွှီက မှိုအရမ်းကြိုက်တယ် "
ကျန်းယန်၏အမူအရာမှာ တင်းမာသွားပြီး
" မင်းအမှတ်မှားတာနေမယ် "
ချင်ရွှီက အရမ်းကိုသေချာနေပုံဖြင့် " ငါအမှတ်မမှားရပါဘူး မင်းပဲမှိုတစ်ပန်းကန်လုံးကိုတစ်လုတ်ထဲနဲ့အပြီးစားလို့ရတယ်ဆို "
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...