Chapter 20 : Returning home

1.1K 266 6
                                    

Unicode

Chapter 20: Returning home

ကြောင်ဖြူလေး ဦးတည်သွားရာနေရာကတော့ ချင်ရွှီ့ဘေးမှဖြတ်ပြီးသွားရမှာဖြစ်နေသည်။ကြောင်ဖြူလေးက ချင်ရွှီအား အကြည့်တစ်ချက်တောင်မစွန့်ကြဲပဲ သူ့အပေါင်းဖော်များနှင့် ကြွကြွရွရွလျှောက်လှမ်းသွား၏။

ချင်ရွှီ အရမ်းကိုသိလိုစိတ်ပြင်းပြလာပြီး ကြောင်ဖြူလေးကိုလှမ်းထိဖို့ကြိုးစားတယ်။ကြောင်ဖြူလေးက လျင်မြန်စွာပဲရှောင်တိမ်းလိုက်တယ်။ချင်ရွှီကဆက်ပြီးတော့ ကြိုးစားပမ်းစားလှမ်းထိဖို့လုပ်ပြန်သည်။ကြောင်ဖြူလေးက သူ့ကိုမကျေမနပ်ကြည့်လာပြီး တစ်ရှူးရှူးတရှဲရှဲအသံပေးလာကာ မာန်ဖီ၍ သူ့လက်အား အချိန်မရွေးထကိုက်တော့မတတ်ပင်။ချင်ရွှီက ကြောက်မသွားဘဲ ရယ်လို့တောင်နေသည်။သူ ကြောင်လေးကိုပျော်ရွှင်စွာပဲ စလို့နေလေ၏။

ကျန်းယန်ကတော့ သူ့ကိုဘာမှမတတ်နိုင်တဲ့ပုံဖြင့်သာကြည့်လို့နေပြီး လမ်းဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် "သူတို့သွားပြီ ဆက်လိုက်ဦးမှာလား"

ချင်ရွှီ ကြောင်လေးကိုလှမ်းပွတ်သပ်ပေးဖို့ကြိုးစားနေပြီး ပြန်ပြောလာသည်။

"မလိုက်တော့ဘူး"

ကျန်းယန် အနည်းငယ်အံ့သြသွားသည်။သူ ချင်ရွှီကြောင်လေးကိုစနေတာကိုကြည့်လိုက်တယ်။

ကြောင်လေးနဲ့ ခဏလောက်ဆော့ပြီးနောက် ကြောင်လေးက ချင်ရွှီ့ရဲ့လက်ကိုဖမ်းလို့မရတာကြောင့် ပျင်းလာပုံပေါ်ကာ ထွက်သွားတော့သည်။ချင်ရွှီလည်းပုခုံးတွန့်၍ မတ်တပ်ထရပ်လာပြီး လက်ကိုခေါင်းနောက်ပစ်ကာ

"အိမ်ပြန်ကြရအောင်"

"တကယ်လား" ကျန်းယန်မှ သူ့အားမယုံကြည်စွာမေးလာသည်။သူပထမတစ်ခါ အလှည့်စားခံရပြီးပြီ ခုလည်းသူ့စကားတွေကိုဘယ်လိုယုံရမှာလဲ။

ချင်ရွှီရဲ့အကြည့်က သူ့ရဲ့မယုံသင်္ကာအကြည့်တွေနဲ့ဆုံသွားတယ်။ထို့နောက်ရယ်မောလိုက်ပြီး ကျန်းယန်ပုခုံးကိုလှမ်းဖက်လိုက်ကာ "တကယ်ပြောတာ သွားရအောင် daddyကမင်းကိုလိမ္မော်သီး ဝယ်ကျွေးမယ် ဒါ့ကြောင့်စိတ်မကောက်နဲ့တော့"

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now