Chapter 26

1K 227 13
                                    

Unicode

Chapter 26: Inseparable

နှစ်ယောက်သား ခန္ဓာကိုယ်​ချိန်းသွားတာမို့ တစ်ယောက်ကိုတစ်ယောက် အစွမ်းကုန်ကူညီဖို့ရာရှိတော့သည် ။ နောက်ဆုံးတော့လည်း ဒါက သူတို့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်သာဖြစ်ပြီးအခြားသူတစ်ယောက်မှ သူတို့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီး မသင့်တော်သောအပြုမူများပြုလုပ်နေမှာကိုတော့ ထိုင်ကြည့်မနေနိုင်ပါ။ဒီလိုနဲ့ပဲ၊ သူတို့ဟာ ပလဲပနံသင့်လှသောထိုင်ခုံတွဲဖက်လေးများဖြစ်သွားကြပါတော့သည်။ဆရာက သူတို့ထဲမှတစ်ယောက်ကိုစာမေးလာပါက ကျန်တဲ့တစ်ယောက်က တီးတိုးလေး အရိပ်အမြွက်ပြောပြလိမ့်မည်ပင်။တစ်ယောက်အိပ်ပျော်သွားလျှင်လည်း တစ်ယောက်က ကင်းစောင့်ပေးလိမ့်မည်ဖြစ်သည်။

သူတို့သည် အတန်းချိန်အတွင်း စကားသိပ်မပြောဖြစ်ကြဘဲ နောက်ထပ်ဆွေးနွေးဖို့ရာအတွက် အတန်းပြီးဖို့ကိုသာစောင့်မျှော်နေခဲ့သည်။သို့သော်ငြား ထိုအချိန်မှာဘဲ ထန်လင်းလင်းမှ ရုတ်တရက်ရောက်လာပြီး ချင်ရွှီအား  " ကျန်းယန်၊ ငါနင့်ကိုပြောစရာရှိတယ် ခဏလောက်ထွက်လာလို့ရလား "

ကျန်းယန် ချက်ချင်းပင် သတိအနေထားဖြစ်သွားသည်။ နှစ်ယောက်တည်းပြောမလို့လား ?။ ချင်ရွှီ မဟုတ်ကဟုတ်ကတွေတော့လျှောက်မပြောလောက်ပါဘူးနော်..ဟုတ်တယ်မလား။

ချင်ရွှီအပေါ် သူ့ရဲ့အယုံအကြည်ကင်းမဲ့မှုကြောင့်ပင် သူ့ပုံစံမှာအရှက်မရှိပုံပေါ်နေပြီး ထိုသူ၏မူလကိုယ်မူဟန်နှင့် သွေဖီလို့သွားပါသည်။ ချင်ရွှီ၏နဂိုပုံစံမှာ အခြားသူများရှေ့တွင် အေးစက်စက်နှင့် ဘာကိုမှအရေးမစိုက်သည့်ပုံစံဖြစ်သည်ကို သူမေ့လို့သွားခဲ့သည်။

ကျန်းယန် အရေးမစိုက်သည့်ဟန်ဖြင့်မေးလိုက်သည်။

"မင်းသူ့ကိုဘာအတွက် လာရှာတာလဲ"

သို့သော် ထန်လင်းလင်းနှင့်ချင်ရွှီမှာ စကားသိပ်မပြောဖူးကြ။ ရုတ်တရက်ကြီးမေးလာတာကိုကြားတော့ သူမက ယဉ်ယဉ်ကျေးကျေးပြန်ဖြေသည်။

" သိပ်ပြီး ထွေထွေထူးထူးလဲမဟုတ်ပါဘူး "

" ဒါဆိုလည်း ဒီမှာပဲပြောလို့မရဘူးလား "

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now