Chapter 31

974 212 5
                                    

Unicode

Chapter 31 : Lovely

နောက်တစ်နေ့တွင် ကျန်းယန်သည် ထုံးစံအတိုင်းပင် မွန်းတည့်ချိန်အထိအိပ်ရန် စဥ်းစားထားသည်။ချင်ရွှီလည်း နေမွန်းတည့်ထိ အိပ်ချင်ပေမဲ့လို့၊ ဒီနေ့သူတို့လုပ်ရမည့်အရာများကို စဉ်းစားမိသောအခါဝယ် နှိုးစက်အား နာရီမိနစ်ခြားတစ်ခါစီ အကြိမ်ကြိမ်ကြိုပေးထား၏။နှိုးစက်မှအသံမြည်လာသောအခါ စောင်ထဲမှလက်တစ်ဖက်ထွက်လာပြီး နှိုးစက်အားပိတ်သည်..ထို့နောက်လက်ကစောင်ထဲပြန်ဝင်သွားသည်။အိပ်ယာထဲဟိုလှိမ့်သည်လှိမ့် လူးလှိမ့်နေပြီး မျက်နှာမသာမယာနှင့် မထချင်ထချင် အိပ်ယာမှထလေသည်။

သူအိပ်ခန်းမှထွက်လာသောအခါ ကျန်းယန်က အိပ်ပျော်နေဆဲပင်ဖြစ်သည်ကို တွေ့လိုက်ရသည်။သူသည် စိတ်အနှောင့်အယှက်ဖြစ်စွာနှင့် ထိုသူ၏စောင်ကိုဆွဲချလိုက်ပါ၏။ထို့နောက် ပြတင်းပေါက်ဆီသို့​လျှောက်လှမ်း၍ လိုက်ကာအား လှပ်လိုက်သည့်အခါ အခန်းထဲသို့ ချဥ်းနင်းဝင်ရောက်လာသော နေရောင်ခြည်ကြောင့် တစ်ခန်းလုံးလင်းထင်းသွားတော့သည်။အိပ်ယာထဲမှ လူသည် နေရောင်ခြည်နှင့်ထိတွေ့မိ၍ သေဆုံးတော့မည့် လူတစ်ယောက်အလားပြုမူနေပြီး ချက်ချင်းဆိုသလို နေရောင်အား လက်ဖြင့်ကာလိုက်ပေသည်။ထို့နောက် ပြတင်းပေါက်အားကျောပေးကာ စောင်ခြုံထဲပြန်တိုးဝင်သွားလေ၏။

ချင်ရွှီ ဆွံ့အသွားရလေသည်၊ ဒီကောင်စုတ်လေးက သူ့ထက်တောင် ပိုခေါင်းကြောမာနေသေးသည်လေ။သို့သော် သူ့မှာထိုသူ့ကိုနှိုးဖို့ရာ နောက်ထပ်နည်းလမ်းတွေရှိသေးသည်။သူသည် ကုတင်ကိုကျောပေးကာ ကျန်းယန်ရှိရာသို့ နောက်ပြန်ခုန်ချလိုက်၏။

ကျန်းယန်သည် နိုးတစ်ဝက်အိပ်တစ်ဝက်အခြေနေတွင်ရှိလို့နေပြီး ဤသို့ ရုတ်တရက်တိုက်ခိုက်လာမှုအား ခုခံရန် အဆင်သင့်ဖြစ်မနေခဲ့။သူသည်ရုတ်ချည်းပင် အော်ဟစ်လိုက်ပြီးလက်ကိုအားပြု၍ ထထိုင်ကာ သူ့ခါးပေါ်ရှိခိုးခိုးခစ်ခစ်နှင့်ကြိတ်ရယ်နေသူအား ငုံ့ကြည့်လိုက်သည်။သတ်ဖြတ်လိုသည့်အကြည့်စူးစူးများအား ပို့လွှတ်နေပြီး ထိုသူအားအညှာတာကင်းမဲ့စွာဖြင့် ကုတင်ပေါ်မှကန်ချလိုက်၏။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now