ကံမကောင်းစွာနဲ့ ဒီအုပ်စုထဲမှာငါးတန်းမြောက်မှာထိုင်တဲ့အင်္ဂလိပ်စာအဆိုးရွားဆုံးကျောင်းသားက Huang Shao ပဲ။ အဲ့အချိန်တွင်သူဟာသူ့ကိုမေးလာနိုင်တဲ့မေးခွန်းကိုတွက်ချက်နေရင်းနဲ့ အလွန်အလုပ်များနေတယ်။အဲ့မေးခွန်းရဲ့အဖြေကိုအခြားအတန်းဖော်များအားလိုက်မေးနေပြီး သူတို့ဘာရွေးလဲ၊ ဘာကြောင့်ရွေးတာလဲဆိုတာကိုမေးမြန်းခဲ့သည်။
နောက်ဆုံး အဖြေကိုရရှိပြီးနောက်မှာတော့တတိယမြောက်ဖြေတဲ့ကျောင်းသားကအဖြေကိုတိတိကျကျမဖြေနိုင်ခဲ့ဘူး။ဆရာမက“ နောက်တစ်ယောက် အဲ့မေးခွန်းကိုပဲပြန်ဖြေ” ဟုပြောလာသည်။
Huang Shao:“ ……… .. ”
သူသည် စတုတ္ထမေးခွန်း၏အဖြေကိုထပ်မံရှာဖွေပြန်သည်။
သူ့အလှည့်ရောက်သည်နှင့်တစ်ပြိုင်နက်ဆရာမကကြည့်ပြီးပြုံးလိုက်ရင်း -“ ချစ်ခင်ရပါသောငါ့ရဲ့ကျောင်းသားလေး၊ အရမ်းတွေကြိုးစားပြီးတဲ့နောက်မှန်ကန်တဲ့အဖြေကိုမင်းရခဲ့လား?
Huang Shao ဟာရှုံ့မဲ့ပြီးထရပ်လိုက်တယ်။သူကကျောကိုဖြောင့်ဖြောင့်ထားပြီးမရပ်ဘူး မျက်လုံးထဲမှာဝမ်းနည်းရိပ်တွေသန်းနေပြီးစိတ်ထဲကနေလည်းဆရာမအားကျိန်ဆဲနေလိုက်တယ်"မကောင်းဆိုးရွား တကယ့်ကိုမကောင်းဆိုးရွားပဲ"
"ဆရာမ, ကျွန်တော်မသိ ... "
အင်္ဂလိပ်ဆရာမ -“ please,speak english”
Huang Shao: "... sorry ၊ i don't know"
သူ့မျက်နှာသည်ရှုံ့မဲ့နေသောကြောင့်ကြည့်ရတာမီးကျွမ်းနေတဲ့အသားကင်လိုပဲရှုံ့တွနေတယ်။ အခြားကျောင်းသားများကတော့သူ့ရဲ့ကံဆိုးမှုကိုကြည့်ရင်း မထိန်းနိုင်ဘဲကြိတ်ရယ်နေကြသည်။သူနဲ့အတူထိုင်တဲ့Jiang Yang တောင်မှသူ့ကိုကြည့်ပြီးကြိတ်ရယ်နေလေရဲ့။ Huang Shao သူ့ကိုစိုက်ကြည့်လိုက်တာကသူ့ကိုပိုလို့တောင်ရယ်ချင်လာစေတယ်။
ကံမကောင်းစွာနဲ့နောက်နှစ်စက္ကန့်အကြာမှာတော့ သူ မရယ်မောနိုင်တော့ဘူး။
System: "ကျပန်းတာဝန်: ကျေးဇူးပြုပြီး Qin Xuနဲ့desk partnerလုပ်ပါ။ အချိန်ကန့်သတ်ချက်ကတစ်နေ့ဖြစ်သည်။အကယ်၍ သင်မအောင်မြင်ပါကအပြစ်ပေးခံရလိမ့်မည်။ အပြစ်ဒဏ် - တနင်္လာနေ့တွင်ကျောင်းအလံလွှင့်ထူနေစဉ်၊ ကျောင်းရှိဆရာများနှင့်ကျောင်းသားများအားလုံးရှိတဲ့အချိန် - Qin Xu၊ ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ် လို့အော်ရမည်။
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...