Chapter 3:Task(Uni)

2.2K 376 20
                                    

ဒီနေ့ညလေးမှာတော့ပုံမှန်ထက်ပိုပြီးစိတ်လှုပ်ရှားမှုလေး​တွပြည့်နှက်နေလျက်ရှိတယ်။
ညနေအတန်းကိုတက်စရာမလိုတော့တဲ့အတွက်ကောင်လေးတွေဟာစိတ်လှုပ်ရှားတက်ကြွနေကြပြီးအမှောင်ထုထဲဝယ်ကျယ်လောင်စွာအော်ဟစ်မြူးထူးနေပုံကလပြည့်ညတွေမှာစွဲစွဲငင်ငင်အူတတ်ကြတဲ့ဝံပုလွေတွေလိုပဲ...
အပြင်မှာတော့မုန်တိုင်းကသည်းထန်နေပြီးလျှပ်စီးတွေလက်မိုးကြိုးတွေခြိမ်းလို့နေတယ်။
ဒီအခြေနေမျိုးမှာသရဲပုံပြင်တွေပြောဖို့ဆိုတာတကယ်ကိုကောင်းတဲ့ရွေးချယ်မှု👻👻👻

ကောင်လေး၎ယောက်ဟာအိပ်ရာထက်ကိုယ်ဆီနေရာယူလိုက်ပြီးတစ်ယောက်တစ်လှည့်ပုံပြင်ပြောကြတော့တယ်။သူတို့ဟာသူတို့ရဲ့အသံကိုတိုးတိုးလေး​ပြောနေပြီးအမှောင်ယံမှာ​ကြောက်လန့်မှုကိုဖြစ်စေအောင်ထပ်ပေါင်းပြောနေကြတယ်။သာမန်ကြောက်တတ်သူသာဆိုလျှင်ဉီးနှောက်တောင်ထုံသွားမတတ်ဖြစ်သွားမှာအကြောက်လွန်ပြီးတော့ပေါ့။

သူတို့ပြောနေတဲ့သရဲပုံပြင်တွေဟာရှေးဟောင်းနှောင်းဖြစ်များသာဖြစ်ပြီးသိပ်ကြောက်စရာမကောင်းလှပေ။သို့သော်ငြားကြောက်စရာကောင်းစရာအချက်မှာလူတွေသူတို့ဘာသာသူတို့ပြုလုပ်ဖန်တီးထားတဲ့လေထုအခြေနေကြောင့်သာပင်ဖြစ်တယ်။
အဲ့လိုအခြေနေမျိုးမှာသာအသံတစ်သံများထွက်လာကြည့်​လန့်သွားကြမှာမလွဲ။

Huang Shaoဟာပုံပြင်ကိုသူ့ဟာသူထွင်ပြောရတာကိုနှစ်သက်နေတယ်။ပြောနေတုန်းမှာလဲဖုန်းမီးကိုမေးစေ့အောက်ကပင့်ထိုးပြီးကြောက်စရာကောင်းတဲ့ရယ်သံကြီးနဲ့လဲရယ်သေးတာ။
ပုံပြင်ပြီးခါနီးလေအထွတ်အထိပ်ကိုရောက်လေလေရုတ်တရက်အကျယ်ကြီးထထရယ်ပြန်တယ်။

အဆောင်ခန်းဟာတိတ်ဆိတ်နေပြီးဘယ်သူကမှတုံ့ပြန်ခြင်းမရှိ.....

အရူး

ကျပ်မပြည့်

ငတုံး

သုံယောက်သားဟာဒီလိုတွေတုံ့ပြန်ပြန်လိုက်သော်ငြားHuang Shaoဟာစိတ်မကျေနပ်မှုတွေနဲ့နှုတ်ခမ်းကိုစူပြီးလျှာထုတ်လျက်
"ပျင်းစရာကောင်းလိုက်တာကွာ။တစ်ယောက်မှမကြောက်ကြဘူး။Xiao Xinမင်းတကယ်ပဲမကြောက်ဘူးပေါ့လေ"

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now