Chapter 40

1.1K 180 8
                                    

Unicode

Chapter 40 : Recovered

ကာယဆရာက ကောင်လေးတွေစုဝေးနေတာကိုတွေ့လိုက်ရပြီးနောက် တစ်ခုခုကတော့မူမမှန်ဘူးဟူ၍ခံစားနေရသည်။သူသည်ချက်ချင်းပင် ထိုနေရာသို့လျှောက်သွားကာ အော်လိုက်၏။

" မင်းတို့ ဘာလုပ်နေတာလဲ "

ကောင်လေးများသည် အလိုလျောက်ပင် လူချင်းခွဲလိုက်ကြပြီး ကိုယ့်နေရာကိုယ်ပြန်သွားကြသည်။ဆရာက ဘာတွေဖြစ်ပျက်သွားလဲဆိုသည်ကိုတော့ သိရှိခြင်းမရှိဘဲ၊သတိသာပေးလိုက်နိုင်သည်။

ကျန်းယန်သည် အေးစက်စက်ပင် ခုံတန်းလျားဆီပြန်သွား၏။သူထိုင်ချလိုက်ပြီးခါမှ ခေါင်းကိုလက်နှစ်ဖက်ကြားဝှက်ထားသည့် အားနည်းကာသနားစဖွယ်ကောင်းလှသောပုံစံနှင့်၊မျက်ဝန်းနီရဲရဲတစ်စုံကိုပြသလာသည့်ချင်ရွှီသည် သူ့အားမော့ကြည့်လာပေသည်။ကျန်းယန်က ထိုသူ၏ပုံစံကြောင့် ပို၍ပင်မကျေမနပ်ဖြစ်လာပြီး စိတ်ဆိုးမာန်ဆိုးဖြင့်​

" အရမ်းနာလို့လား ! "

ချင်ရွှီသည် နီရဲရဲမျက်ဝန်းတစ်စုံကိုပြသလျက် ခေါင်းကိုညိတ်ပြသည်။သူ မငိုတော့ဘူးဆိုပေမယ့် သူ့ပုံစံမှာအရမ်းကိုသနားစရာကောင်းနေတုန်းပင်၊ထိုပုံစံကြောင့် ကျန်းယန်ဒေါသတွေလွင့်ပြယ်ကုန်သည်။သူသည် ချင်ရွှီ၏ခေါင်းကိုခေါက်လိုက်ချင်သော်ငြား ခေါင်းကဘောလုံးထိမှန်ထားသည်ကိုသတိရလိုက်ပြီး သူ့ကိုယ်သူချုပ်တည်းလိုက်ကာ ထိုသူ၏ပါးကိုဖြစ်ညှစ်လိုက်၏။

" အနိုင်ကျင့်ခံရတာနဲ့ငိုတော့တာပဲလား...ပြန်ချလေ မင်းကိုဘယ်သူမှအနိုင်မကျင့်ရဲအောင် ပြန်ချရမယ် နားလည်လား ! "

ပါးအညှစ်ခံထားရသည့် ချင်ရွှီမှာတော့ မပီမသဖြင့်ကြိုးစားရှင်းပြလာ၏။

" မတတ်နိုင်ဘူးလေ အရမ်းနာတာကိုး..ငါငိုတာကိုအခြားသူတွေမမြင်စေနဲ့လို့ မင်းပဲပြောထားတယ်လေ..အဲ့ဒါကြောင့်မျက်ရည်ခြောက်အောင်အရင်လုပ်ပြီးမှပြန်ချမလို့ဘဲ ဒါမဲ့မင်းအရင်လက်ဦးသွားပြီး ဆော်ပလော်တီးပစ်လိုက်တယ်လေ "

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now