Unicode
Chapter 27: Press Down
ညနေအတန်းပြီးဆုံးသွားချိန် သူတို့သည် ကျောင်းစားသောက်ဆိုင်မှာ ညစာစားပြီးနောက် ရေချိုးဖို့ရန် အဆောင်သို့ပြန်ခဲ့ကြသည်။
ကျန်းယန် တစ်နေကုန်ပူပန်နေခဲ့ရသည့် သူရင်ဆိုင်လိုခြင်းအလျဥ်းမရှိသော ထိုအချိန်ခါကရောက်ရှိလို့လာပါပြီ။ဤကဲ့သို့ပူပြင်းလှသောနွေရာသီလိုနေ့မျိုးမှာ သူသည်ပင်ရေမချိုးဘဲမနေနိုင်ပါ..တစ်နေကုန်စုပုံနေခဲ့သော ချွေးများနှင့်အညစ်ကြေးများကို ဆေးကြောသန့်စင်ရမည်သာ။
သူတို့အိပ်ဆောင်အခန်းထဲရောက်တာနဲ့ ချင်ရွှီက သူ့ကုတင်ပေါ်လှဲချပြီး ဖုန်းကိုဖွင့်ဆော့တယ်။ ကျန်းယန် စိတ်ရှုပ်ထွေးနေမှန်း သူခန့်မှန်းမိသည်..ထိုသူက သူ့ခန္ဓာကိုယ်ကိုကိုယ်တိုင်ချိုးမှာကိုလည်းမနှစ်သက်သလို..သူက သူ့ကိုရေကူချိုးပေးဖို့ရာလည်းမနှစ်ခြိုက်..ရွေးချယ်မှုနှစ်ခုကြား ဗျာများနေပြီး ကျန်းယန်အရင်ဆုံးရေသွားချိုးလိမ့်မည်သာဖြစ်သည်။
အမြဲလိုလို ချင်ရွှီက ကျန်းယန်အကြောင်းကောင်းကောင်းနားလည်သည်။
ရှောင်ယွီရှင်းရေချိုးပြီးတော့ ကျန်းယန်ကအဝတ်စားယူပြီး ရေချိုးခန်းသို့ဦးတည်သွားသည်။သူအတွေးလွန်နေတာကြောင့် ရှောင်ယွီရှင်းက ချင်ရွှီရှိရာဘက်သို့လူထူးဆန်းတစ်ယောက်လို လှမ်းကြည့်နေတာကို မသိလိုက်ပေ။
ချင်ရွှီရဲ့ခုတင်ပေါ်မှာ ကျန်းယန်လှဲနေတာကိုမြင်တော့ ရှောင်ယွီရှင်းအံ့အားသင့်သွားသော်ငြား အရင်ကသူမြင်ခဲ့ရသော ရေချိုးခန်းထဲမှအဖြစ်ပျက်အား ပြန်လည်အောက်မေ့သတိရလာသည်။ထို့အပြင် သူတို့နှစ်ယောက်က ဒီရက်တွေမှာတော်တော်လေး အဆင်ပြေနေကြတာဆိုတော့..ဒါကတော်တော်လေးကိုပုံမှန်ဘဲမလား။
ရှောင်ယွီရှင်း ဆံပင်ကိုခြောက်အောင်သုတ်နေစဥ် မျက်ဝန်းများက အလိုလျောက်ကို ကျန်းယန်ဘက်သို့ ခဏခဏသွားသွားကြည့်နေမိသည်။
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...