Chapter 28

1K 225 0
                                    

Unicode

Chapter 28 : To Entrust Oneself

သောကြာနေ့အတန်းပြီးလို့ အိမ်ပြန်သောအခါ ဘယ်သူ့အိမ်ကိုသွားရမလဲဆိုသည်ကို နှစ်ဦးသားကြိုတိုင်ပင်ပြီးပြီဖြစ်သည်။ လူသိမခံတဲ့ကိစ္စတစ်ခုခုကိုလုပ်နေသလိုမျိုး ကြားရတာထူးဆန်းသည်ဟုထင်ရသော်ငြား သူတို့လုပ်ကိုလုပ်ရမည့်အရာပင်ဖြစ်၏။ကျန်းယန် ဘယ်လိုသတ္တိနှင့်များ အခြားသူတစ်ယောက်၏အိမ်ကို ထိုသူအဖြစ်ဟန်ဆောင်ကာ တစ်ယောက်ထဲသွားရမည်နည်း..သူ့အခန်းကဘယ်အခန်းလဲသူမသိသလို ဘယ်နေရာမှာဘာထားမှန်းတောင်သိတာမဟုတ်။ထိုအတိုင်းသာဆိုလျှင် မိနစ်ပိုင်းအတွင်း သူကချင်ရွှီမဟုတ်ဘူးဆိုတာကို အကုန်ရိပ်မိကုန်လိမ့်မည်။

နောက်ဆုံးတွင် နှစ်ဦးသား ချင်ရွှီ၏အိမ်သို့သွားရန်ဆုံးဖြတ်လိုက်ကြသည်။ကျန်းယန် လိုရမယ်ရအနေနှင့် ဆင်ခြေတစ်ခုကိုကြိုတင်ပြင်ဆင်ထားပြီး ချင်ရွှီအား သူ့မိဘများထံဖုန်းဆက်ခိုင်းလိုက်ပြီး ဒီအပတ်ကျောင်းပိတ်ရက်မှာ အိမ်မပြန်လာဖြစ်ကြောင်းနှင့် သူငယ်ချင်းတစ်ယောက်၏အိမ်သို့သွားနေမည်ဖြစ်ကြောင်းကို ပြောခိုင်းလိုက်သည်။

ပါးပါးကျန်းနှင့်မားမားကျန်းတို့ နှစ်ဦးစလုံးသည် သူတို့၏သားကို ယုံကြည်စိတ်ချတာမို့ အလျင်မြန်ဘဲ သဘောတူခွင့်ပြုခဲ့ကြသည်။သူတို့က ထိုသူငယ်ချင်း၏မိဘများနှင့် မိဘချင်းစကားစမြည်ပြောဖို့ရန်နှင့်၊ အလည်သွားခြင်းအထိမ်းမှတ်အနေနှင့် လက်ဆောင်ယူသွားဖို့ရန်ကိုမေးမြန်းပြောဆိုလာသော်လည်း ကျန်းယန်၏လောဆော်တိုက်တွန်းမှုကြောင့် ချင်ရွှီက " မားတို့စိတ်ပူစရာမလိုဘူး...သား ချင်ရွှီတို့အိမ်ကိုgameကစားရုံသက်သက်ပဲသွားတာ အရမ်းကြီးအကျယ်ချဲ့နေရင်လည်း အဲဒါကသူတို့ကို စိတ်မသက်မသာ ဖြစ်စေရုံပဲ ရှိလိမ့်မယ် "

ချင်ရွှီ၏အမည်ကို ကြားလိုက်ရတော့ ပါးပါးကျန်းနှင့်မားမားကျန်းက ထိုအမည်အားရင်းနှီးနေသလိုဖြစ်နေပေမဲ့ ဘယ်နေရာမှာကြားဖူးသည်ကိုတော့ ချက်ချင်းမမှတ်မိကြ။ အမှန်တော့ သူတို့ညစာစားချိန် ကျောင်းမှအဖြစ်ပျက်,အတင်းအဖျင်းများကို ​ပေါက်ပေါက်ဖောက်နေကျ ကျန်းယွမ်မှ ပြောပြခဲ့ဖူးခြင်းပင်..​သူမအစ်ကိုက ကျောင်းမှာနာမည်ကြီးidolတစ်ယောက်ဖြစ်ပြီး ချင်ရွှီသည်လည်းအတူတူပင်ဖြစ်ပေမဲ့လို့ ကံမကောင်းစွာပဲ သူ့အစ်ကိုနှင့်ချင်ရွှီ၏ဆက်ဆံရေးက သိပ်မကောင်းဟူ၍။

အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]Where stories live. Discover now