နွေရာသီအားလပ်ရက်သာကုန်ဆုံးသွားတယ်
နွေရာသီရဲ့အပူရှိန်ကတော့ပျောက်ကွယ်မသွား......
ကောင်းကင်ယံမှာအလျှံညှီးညှီးတောက်ပနေတဲ့နေမင်းကြီးကတော့ကမ္ဘာလောကကြီးဆီသို့အပူတပြင်းထွန်းလင်းဖြာကျလျက်.....ကျောင်းသား/သူတွေဟာ
သူတို့ရဲ့အားလပ်ရက်မှာပျော်မွေ့နေတုန်း
သူတို့ဟာ ဒီလိုပူပြင်းလှတဲ့ ရာသီဥတုမှာတောင် စိတ်အားထက်သန်စွာနဲ့
အလောတကြီးအိမ်စာလုပ်နေကြလေရဲ့"ဟေးမင်းဘာလို့Cကိုရွေးတာလဲ"
"မေးနေစရာတောင်မလိုဘူး
Cကသာအရှည်ဆုံးမို့ပေါ့"အဓိပ္ပာယ်တော့ရှိသား
သုံးခုကရှည်ပြီးတစ်ခုကတိုနေရင်
အတိုကိုရွေး
သုံးခုကတိုနေပြီးတစ်ခုတည်းရှည်နေရင်
အရှည်ကိုရွေး
အတိုအရှည်မညီဘူးဆို Bကိုရွေး
အကုန်တူနေရင ်Dကိုရွေး
အကုန်လုံး အရှည်ဆို Aကိုရွေး
အကုန်လုံး အတိုဆို Cကိုရွေးဒါဟာစာမေးပွဲမှာလုပ်လေ့ရှိတဲ့ လှို့ဝှက်နည်းလေးပါပဲ(ကိုယ်တွေမှာဆိုချိုင်းကြားနံရိုးထောက်သလိုမျိုး😂)
ဒါကိုဘယ်သူက ဘယ်လိုစထွင်လိုက်လဲ မသိပေမဲ့ တစ်ယောက်စကားတစ်ယောက်
ဖြန့်လိုက်တော့ ကျောင်းမှာရှိသမျှ သူအကုန်လုံး ဒီနည်းကိုမသိသူမရှိစာသင်ခန်းထဲမှာ ဆူညံနေတဲ့ အသံတွေ ထဲကမှ တံခါးတွန်းဖွင့်လိုက်တဲ့အသံဟာ
ထွက်ပေါ်လာတယ်
အိတ်ကိုပခုံးပေါ်လွှဲတင်ထားတဲ့
အရပ်ရှည်ပြီး သွယ်လျတဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်က
ဝင်ရောက်လာတယ်
သူ့ရဲ့ချောမောတဲ့သွင်ပြင် ဖြူပြီးကြည်လင်
နေတဲ့အသားရည် သူူ့ရဲ့အေးစက်စက်အငွေ့
သက်တွေထုတ်လွှတ်နေတဲ့ မျက်လုံးအစုံ
ကြောင့်သူ့နားမကပ်ရဲကြ
သူဝင်လာတာနဲ့ တစ်စုံတစ်ယောက်က
သူ့ကိုနှုတ်ဆက်လိုက်တယ်"အစ်ကို Xu,ဒီနေ့စောလှချည်လား"
အတန်းကစတော့မယ်ဆိုပေမဲ့
သူ့အတွက်ကတော့ စောတယ်လို့ဆိုရမှာပါ
ကျောင်းရဲ့idolတစ်ယောက်ဖြစ်တဲ့ သူ့ကို
အတန်းမစခင်အချိန်မှီလေးဝင်ဝင်လာတတ်တာကို အတန်းထဲကသူအကုန်လုံးသိပြီးသား
သူ့ရဲ့မျက်လုံးအစုံက ပုံမှန်ထက်ပိုနက်မှောင်နေလျက်
သူ့ရဲ့မျက်နှာပေါ်မှာတော့ ဘာအမူရာမှမရှိ
ပကတိအေးစက်နေလျက်
တစ်ယောက်ယောက်နဲ့ဒေါသဖြစ်စရာ
ရှိခဲ့ရင် သူ့စိတ်အခြေနေကကောင်းနေမှာမဟုတ်
YOU ARE READING
အချစ်ပြိုင်ဘက်မှသည် ချစ်သူအဖြစ်သို့ [ ဘာသာပြန် ]
Fantasyကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best friend systemဆိုတာကြီးကသူတို့ကြား ဝင်ရောက်လာပြီး တာဝန်တွေပေးအပ်လာတဲ့အခါမှာတော့ နှစ်ယောက်သားကြိုးစားဖြေရှ...