Part-1(ရှေးခေတ်သို့ ရောက်ရှိသွားခြင်း)

11.9K 458 34
                                    

Unicode >>>>>

~🚨🚑🚨~

ဆေးရုံသို့ လူနာတင်ယာဉ်တစ်စီးဆိုက်ရောက်လာသည်နှင့် ဆရာဝန်များ လှည်းကို တွန်းကာဖြင့် ပြေးထွက်လာကြသည်။

"လူနာက ဘာဖြစ်တာလဲရှင်"

"Car accidentပါ ခါးပတ်မဝတ်တာကြောင့် ခေါင်းထဲနဲ့ မျက်ရိုးနားမှာ မှန်စ စိုက်နေပါတယ်ဗျ"

"ဟုတ်ပြီ သူနာပြုအမတို့ operationခန်း အဆင်သင့်လုပ်ပေးထားပါ"

"ဟုတ်ကဲ့"

သူနာပြုမလေးတစ်ယောက် ဆေးရုံထဲ ပြေးဝင်သွားပြီးမကြာ လူနာတင် လှည်းကို တွန်းကာ ခွဲခန်းဆီသို့ အသည်းအသန် အမြန်သွားနေရသည်။

ခွဲခန်းဝင်ရင် ဂျူတီကုတ်ကို ချွတ်ကာ ခွဲခန်းဝင် အပြာရောင်ဝတ်စုံကို လဲတတ်ပြီးတာနဲ့ လက်ဆေး၊အထဲရောက်တော့ maskတပ်၊လက်အိတ်စွပ်ပြီးတာနဲ့ ခွဲစိတ်ကုသခြင်းကို စတင်ပါတော့သည်။

မျက်ရိုးနားကို မျက်စိအာရုံကြော မထိခိုက်အောင် ဂရုစိုက်ရတဲ့အပြင် ခေါင်းထဲ စိုက်နေသည့် မှန်စများကိုလည်း အာရုံကြောများ မထိခိုက်အောင် အထူးဂရုစိုက်သည်။

ဦးနှောက်အာရုံကြော အထူးကုဆရာဝန် ပါမောက္ခဆိုတဲ့ ရာထူးဘွဲ့အမည်နဲ့ အညီ ထူးချွန်လှသည်မို့ ခွဲစိတ်ခြင်းကို အချိန်ခဏဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

"Wow မနှင်း ပင်ပန်းသွားပါပြီဗျ"

"ချုပ်တတ်တယ်မလား ဆက်လုပ်လိုက်"

"ဟုတ်ကဲ့ပါဗျ"

"နားလိုက်ပါဦး"

ခွဲခန်းထဲက ထွက်လာပြီး လက်အိတ်ချွတ်၊maskချွတ်ကာ သုံးပြီးသားပုံးထဲသို့။လက်မှာ ပေသွားသည့် သွေးများကိုလည်း သန့်စင်ပြီးသည်နှင့် ဂျူတီကုတ်ပြန်ဝတ်ကာ ဆေးရုံထဲ လူနာများ၏ အခြေအနေ လှည့်ပတ်ကြည့်လ်ိုက်သည်။

ကျွန်မနာမည်ကတော့ နှင်းအိဖြူပါ။အသက်ကတော့ ၂၄ပါ။ဦးနှောက်အာရုံကြော အထူးကု ပါမောက္ခဖြစ်တဲ့ ဆရာဝန်တစ်ယောက်ပါ။ဟုတ်ပါတယ်။ငယ်ငယ်လေးနဲ့ ရာထူးအမြင့်က်ို ရထားတာ အံ့ဩကောင်း အံ့ဩနိုင်ပါတယ်။နိုင်ငံခြားမှာ scholarshipရလို့ သွားတက်နိုင်သည့်အပြင် ဆေးပညာပိုင်းမှာလည်း အမှတ်အများဆုံးနဲ့ အလွန်ထူးချွန်သူမို့ အခုလို အမြင့်ရောက်နေခြင်းပေ။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now