Part-55(သမီးရည်းစားလိုပဲ တွယ်တာချင်တယ်)

886 82 2
                                    

Unicode

"ညီမလေး ရှာနေခဲ့တဲ့သူ ရှာတွေ့ပြီ"

နှင်းအိဖြူ ပြောလိုက်သည့် စကားအား အကိုဖြစ်သူတွေမှာလည်း စိတ်ဝင်စားသွားကာ လိုက်စူးစမ်းကြည့်မိသည်။

"ညီမလေး ဟိုအရှေ့က မိန်းကလေးကို ပြောတာလား"

နက္ခတ်ဆန်းသွင်မှာ မေးကြည့်လိုက်တော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ဖြေလာကာ သူ့အား အားကိုးတကြီး မျက်ဝန်းတစ်စုံဖြင့် မော့ကြည့်လာသည်။

"ကိုကိုက သူ့ကို သိတယ်လား"

"လိုက်ခဲ့ ကိုကိုနဲ့"

နှင်းအိဖြူ နန်းဆီ လျှောက်သွားတဲ့ ကိုကို့အနောက်အား လိုက်လာသလို ကျန်တဲ့ အကိုဖြစ်သူတွေလည်း ညီမလေးအနောက်ကနေ လိုက်လာကြလေသည်။

"ခွန်း"

နန်းကို ခေါ်ပုံကအစ အရင်တုန်းကအတိုင်းပင်။ ကိုကို ခေါ်လိုက်တော့ လှည့်ကြည့်လာသူ အပြာရင့်ရောင်နှင့် မျက်ဝန်းတစ်စုံဟာ နှင်းအိဖြူဆီ တည့်တည့်ကြည့်လာသည်။

အဲ့မျက်ဝန်းတွေ။အရင်တုန်းလိုပဲ။တစ်ခုပဲ ကွာခြားသွားတယ်။အရင်က မေတ္တာတွေ ပြည့်ပြည့်လျှံလျှံ ပါနေတတ်သလောက် အခုတော့ သူစိမ်းဆန်နေသယောင်။

"သခင်လေး"

"ခေါ်ပြန်ပြီလား အဲ့လိုကြီး သူငယ်ချင်းအချင်းချင်းတွေကို ကျောင်းတုန်းကလိုပဲ ခေါ်ပါ"

"ဟုတ်ပါပြီ"

"ခွန်း ဘယ်သူ..?"

ကိုကိုနဲ့ နန်း နှစ်ယောက်သား စကားပြောနေတော့ နန်းရဲ့ ဘေးက အမျိုးသားမှာ မေးလို့လာသည်။

"ခွန်း ပြောပြောပြဖူးတဲ့ Charlieဆိုတဲ့ သူငယ်ချင်းလေ Charlie ဒါ ငါ့အမျိုးသား ဝေယံထွန်း"

"တွေ့ရတာ ဝမ်းသာပါတယ်ဗျ"

"ဟုတ်ကဲ့ဗျ ခွန်းဆီကနေ သူငယ်ချင်းနှစ်ယောက်အကြောင်း ကြားကြားဖူးပါတယ်ဗျ"

ကိုကိုနဲ့ နန်းရဲ့ အမျိုးသားဆိုသူမှာ အချင်းချင်း ပြုံး၍ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ကိုကိုက နောက်မှာရှိနေတဲ့ နှင်းအိဖြူကို လှည့်ကြည့်လာကာ နန်းတို့နှင့် မိတ်ဆက်ပေးလာတာကြောင့် ရုတ်တရက်ကြောင်အသွားရသည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Tahanan ng mga kuwento. Tumuklas ngayon