Part-21(အချောအလှတို့ ပေါများသော တိုင်းပြည်🌝✨)

1.2K 157 2
                                    

Unicode

နှင်းအိဖြူတို့ လမ်းညွှန်တစ်ဦးပါတာမို့ ပုံမှန်ထက် အချိန်မြန်မြန်နှင့် ရောက်လာနိုင်ခဲ့ကြသည်။

မဟုတ်လျှင် ကွေ့ကောက်လှတဲ့ တောင်တက် တောင်ဆင်း လမ်းတွေနှင့် တောင်တွေကြား လမ်းပျောက်နေနိုင်တာကြောင့်ပင်။

ရေလမ်းခရီးနှင့်ဆို နေ့တစ်ဝက်ပင် မကြာသော ခရီးသည် မြေပြင်ပေါ်၌ သွားလာရတော့ မနက်အစောကြီး နေမထွက်ခင် ထွက်လာခဲ့တာတောင် နေ့လည်မွန်းတည့်ချ်ိန် ကျော်မှသာ သီရိဥက္ကပါတိုင်းပြည်ရဲ့ နယ်မြေထဲသို့ ရောက်ရှိခဲ့လေသည်။

အချိန်ကုန် သက်သာရအောင် ရေလမ်းခရီးဖြင့် သွားမည် စီစဉ်ပါသော်လည်း ဒီရေအတက်အကျဟာ ပုံမှန်ထက် မူမမှန်သည့် ပုံပေါ်နေတာကြောင့် ခရီးလမ်းမကြမ်းစေရန်နှင့် အန္တရာယ်မကြုံရအောင် ကုန်းလမ်းခရီးကိုသာ ရွေးချယ်ခဲ့ရသည်။

"မင်းသမီးလေး သီရိဥက္ကပါတိုင်းပြည်ထဲသ်ို့ရောက်ရှိလာချေပါပြီ"

"နန်းတော်ဆီသို့ ခရီးဝေးသေးသည်လား"

"မဝေးလှပါ မင်းသမီးလေး သီရိဥက္ကပါသည် တချို့သော တိုင်းပြည်တို့လို နယ်မြေအလယ်ကျကျတွေ မရှိပါဘဲ နယ်မြေထဲသို့ ဝင်ဝင်ချင်း အနားမှာပင် ရှိပါသည်"

"ကောင်းပြီ ဒါဆိုတော့ နန်းတော်ကို ရောက်အောင်သာ ခရီးဆက်ကြမယ် နေ့လည်အခါ ကျော်လွန်ပြီမို့ ဝမ်းဖြည့်ရန်လည်း လိုအပ်သည်ကြောင့် ခရီးအဝေးကို မေးခြင်းပါ ဆက်သွားရန် အဆင်ပြေသေးကြသည်လား"

မင်းသမီးလေးရဲ့ ဖြည့်တွေးပေးပုံလေးကို လူတိုင်း သဘောကျနေမိကာ အဆင်ပြေသည်ကို ခေါင်းငြိမ့််ပြ၍သာ အမေးကို ပြန်ဖြေလိုက်ကြပြီးနောက်မှာတော့ နန်းတော်ဆီသို့ တစိုက်မတ်မတ် ခရီးဆက်လာခဲ့ကြသည်။

နန်းတော်မြို့တွင်းသို့ ရောက်တော့ မြင်တွေ့ခဲ့ဖူးသမျှနှင့် သူမတူသည့် ပုံစံများဖြင့် နေလည်ချိန်ကိုတောင် လူတွေ စည်ကားနေကြတာကြောင့် တအံ့တဩဖြစ်နေရသည်။

နှင်းအိဖြူ အတိတ်ကို ပြန်ကြည့်ခဲ့တုန်းကထက် လက်ရာမြောက်လှတဲ့ မြို့တွင်းအလှတရားတွေကြောင့် အကြည့်မလွှဲနိုင် ဖြစ်နေတော့သည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Wo Geschichten leben. Entdecke jetzt