Part-71(မဆုံးရှုံးချင်မိပါသော)

541 43 5
                                    

Unicode

ယနေ့ဟာဆိုရင်ဖြင့် ကိုကိုထန်းပင်တို့ basketballပြိုင်ပွဲနေ့ ဖြစ်တာကြောင့် နှင်းအိဖြူတို့ အကုန်လုံး အားပေးဖို့ရန်အတွက် လူစုံတက်စုံ ဖြစ်နေကြသည်။

"ကိုကိုထန်းပင်ကြီး! ဖိုက်တင်း!!!"

နှင်းအိဖြူတို့နဲ့ဆိုရင်တော့ အရှည်ဆုံး ကွဲထွက်နေတတ်တဲ့ ဒနရဲ့ အရပ်ဟာ အဖွဲ့ထဲမှာတော့ သူ့လို အရှည်ကြီးနဲ့ တခြားသူတွေ ရှိနေသော်လည်း ပျိုတိုင်းကြိုက် ခန္ဓာကိုယ် နှင့် ရုပ်ရည်တို့ကြောင့် ကွဲထွက်နေမြဲပေ။

ပွဲမစသေးတာကြောင့် သွေးပူလေ့ကျင့်ကြတုန်း နှင်းအိဖြူတို့လည်း ကွင်းထဲ ခဏဆင်းလာခဲ့ကြကာ ဒနအနားသို့ ရောက်လာခဲ့ကြသည်။

"ကိုကို ညီမလေးတို့ အားပေးနေမယ်နော်"

"ဟုတ်ပါပြီဗျာ တစ်ခုခုဆို အသံစူးစူးလေးကို အရင်ဆုံး ကြားရတော့မှာပဲ"

"အဲ့ဒါက ပွဲထဲ စိတ်နစ်သွားလို့ပါ ဟဲဟဲ"

နှင်းအိဖြူမှာ ပြောပြီးသည်နှင့် ဆာကူရာအတွက် အခွင့်အရေးလေး ဖန်တီးပေးလိုက်ကာ ကျန်တဲ့သူတွေကို သက်သက် ခွဲထုတ်လာခဲ့လိုက်သည်။

ကွင်းထဲ၌ နက္ခတ်ဆန်းသွင် ၊ နှိုင်း ၊ ခွန်းသဒ္ဒါသွယ် ၊ နှင်းအိဖြူ ၊ ပြည့်စုံမာန်တို့သာ ကျန်နေခဲ့ပြီး ကျန်တဲ့ သူတွေ ဖြစ်ကြသည့် မင်းစောမဟာ ၊ ကိဿလင်းမြတ် ၊ မင်းသုခနောင် ၊ အိမ့်နေခြည်ထွန်း ၊ မေစံပါယ် နှင့် အန်တီမာလွင်ကြီးတို့ကတော့ အားပေးစကားပြောပေးပြီးသည်နှင့် ခုံနေရာသို့ ပြန်ရောက်သွားကြသည်။

"နန်း! နန်း ဆော့တတ်လား"

"နည်းနည်း"

"အောင်မလေး နည်းနည်းတဲ့ ကျောင်းပွဲတုန်းက အဖွဲ့ဝင်တစ်ယောက် မလာနိုင်လို့ အစားဝင်ဆော့ပေးခဲ့တဲ့ သူကြိီးကများ"

"အဲ့ဒါဆို ဆော့တတ်တယ်ပေါ့ နန်းက"

"အဲ့လိုလို့ ပြောရမှာပေါ့"

"အဲ့ဒါဆို ဝင်အောင် ပစ်ပြကြည့်"

သိပ်မဝေးသော နေရာ၌ နှင်းအိဖြူမှာ ဘောလုံးလေး ကိုင်ပြီး ပြောလိုက်တော့ နန်းမှာ အနားသို့ ရောက်လာကာ ဘောလုံးကို ပြောင်းယူလိုက်သည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Onde histórias criam vida. Descubra agora