Part-17(အတိတ်ဆီသို့ ပထမခြေလှမ်း)

1.5K 175 7
                                    

Unicode
•••••••••

"ဒါ အဘယ်များလဲ မင်းသမီး"

"ဖေ**.."

နှင်းအိဖြူ လန့်ကာ ပါးစပ် ထွက်ချင်ရာ ထွက်သွားကာ ချက်ချင်းလှည့်ကြည့်လိုက်တော့ စစ်သူကြီး နဲ့ မက်ဒရာဇ်။

နှင်းအိဖြူ-"အာ စစ်သူကြီး မက်ရော ပါတာပဲ ဘယ်သွားကြမလို့လဲ နှစ်ယောက်အတူ"

မက်ဒရာဇ်-"မင်းသမီးလေးကို စောင့်ရှောက်ရန် ထွက်လာခဲ့ခြင်းပါ"

နှင်းအိဖြူ-"အာ ရတယ် ရတယ် မလိုသေးလို့ လေ့ကျင့်ရေးကွင်း ပြန်တော့နော်"

စစ်သူကြီး-"မလိုသေးသည်တဲ့လား ဘေးရန်တို့သည်လည်း အချိန်အခါ ရွေးသည်မဟုတ် အချိန်မရွေး ကျရောက်လာနိုင်မည်က်ို

နှင်းအိဖြူ-"စစ်သူကြီးတို့က နောက်ကျတာကို ခုနလေးတင် နှစ်ယောက်စလုံး မဟုတ် အမတ်ကြီးပါ ထိပ်တိုက် စိန်ခေါ်ခဲ့ပြီးပြီ အခုမှ ရောက်လာပြီးတော့ ဟွန့်"

မက်ဒရာဇ်-"မင်းသမီး ဆိုလိုသည်က မိဖုရားခေါင်ကြီး နှင့် မိဖုရားလတ်အပြင် အမတ်မင်းပါ.."

နှင်းအိဖြူ-"အွန်း မိဖုရားလတ်ဆီသွားတာ လက်ဝဲတိုင်ပင်ခံအမတ်ကြီးပါ ရောက်နေတယ် အဲ့တော့လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ပြောပစ်ခဲ့လိုက်တယ်"

စစ်သူကြီး-"အဆင်ပြေခဲ့သည့် ပုံပေ"

နှင်းအိဖြူ-"ဒါပေါ့လို့ နန်းတော်ထဲမှာ နှင်းဆိုလို့ နှင်းအိဖြူပဲ ရှိတယ် ပြိုင်စံရှားလေ"

မက်ဒရာဇ်-"နှင်းအိဖြူ..?"

နှင်းအိဖြူ ရုတ်တရက်မို့ မှားပြီး သူ့အရင်က နာမည်ကို ပြောမိသွားတာကြောင့် ချက်ချင်း ပြန်ပြင်ပြောလိုက်လေသည်။

နှင်းအိဖြူ-"နှင်းဟေမာန်လို့ ပြောတာပါ ဝတ္တုထဲက နာမည်ကို စိတ်စွဲပြီး မှားသွားတယ်"

စစ်သူကြီး-"မေးသည်ကို ဖြေလှည့်ပါဦး မင်းသမီးလေး အခု အဘယ်ကို သွားမို့ ပြင်နေသည်ဆိုတာကို"

နှင်းအိဖြူ-"အာ..အဲ့ဒါက ဥယျာဉ်ထဲမှာ နှင်းစိုက်ထားတဲ့ အပင်လေးကို သွားဂရုစိုက်မလို့ ညစ်ညစ်ပတ်ပတ် ဖြစ်နေမယ့် ပုံကို သူများ မမြင်စေချင်လို့ တစ်ယောက်တည်း သွားမလို့"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now