Unicode
"နှင်း" "နှင်းအိဖြူ.."
နောက်သို့ လဲကျနေသည့် မိဖုရားတို့ နှင့် မိဖုရားတို့ ရှေ့မှာ ဓားကိုင်ထားသည့် မင်းသမီးလေးတို့ကြား လေထုဟာ အတော်ပင် ပြင်းထန်နေခဲ့ကြသည်။
တိုးရှလှပေမဲ့ ခေါ်သံနှစ်သံအား တစ်ပြိုင်နက်တည်းမှာ နှင်းအိဖြူ သေချာကြားလိုက်ရသည်။တစ်သံကတော့ နန်းဆီမှ ဖြစ်၍ နောက်တစ်သံမှာတော့ အနီးအနားမှာ ရှိတဲ့ သူတွေဆီမှ မဟုတ်ဘဲ ဦးနှောက်လှိုင်းထဲသို့ ဖြတ်ဝင်ကြားယောင်လိုက်ရသည့် တစ်စုံတစ်ယောက်၏ ခေါ်သံ..။
ထိုခေါ်သံ ကြားပြီးနောက်မှာပဲ နှင်းအိဖြူ၏ ကမ္ဘာဟာ ရုတ်တရက်ဆိုသလို အမှောင်ထုကြီး ဖုံးလွှမ်းသွားချေသည်။
မင်းသားလေးတို့မှာ မြေပြင်ပေါ် လဲမကျခင် အပြေးပွေ့ဖက်ထားကြကာ အော်ခေါ်လို့ လှုပ်နှိုးနေကြတော့သည်။
"သူ့အား အပြစ်ဒဏ် ခတ်စေ!!"
ရုတ်တရက်ဆိုသလို ဖြစ်ပျက်သွားသည့်နောက် ရုတ်တရက်ဆိုသလို အမိန့်ဆိုလာသည့် မိဖုရားခေါင်ကြီးကြောင့် တဒင်္ဂအံ့ဩသွားကြရသည်။
ဟိမန္တာဆန်း-"အဘယ်ကြောင့်များလဲ မယ်တော်"
သီရိဒေဝီ-"မြင်လေသည်ကို မမြင်ချင်ယောင်ဆောင်နေသလား မင်းသားဟိမန္တာဆန်း! လည်ပင်းအား ဓားနှင့် ထောက်လို့ အသက်အန္တရာယ်ပြုဖို့ ကြံရွယ်နေသည်မှာ အပြစ်ကျူးလွန်ခြင်းပါတကား"
ချန်စောသတ္တ-"မယ်တော်မှပဲ နားလည်ပေးလှည့်ပါ နှမတော်မှာ ဖခမည်းတော် နှင့် ဖွားတော်ကို ဆုံးရှုံးလိုက်ရ၍ စဉ်းစားခြင်းကင်းမဲ့စွာဖြင့် မသိလိုက်ပါဘဲ ပြုမူလိုက်ခြင်းပါ"
နိယမင်းနောင်-"မှန်ပါ၏ မယ်တော် မြင်သည့်အတိုင်း နှမတော်မှာ မူးမေ့လဲကျသွားသည်အထိ စိတ်ပင်ပန်းနေလှပေသည် နှမတော်ကို ဒီတစ်ချိန်တစ်ခါလောက်တော့ ခွင့်လွှတ်ပေးပါ"
သားတော်၃ပါးမှာ နှမတော်ဖြစ်သူအား ကာကွယ်ပေးလို့ ခွင့်လွှတ်ပေးပါရန် တောင်းဆိုနေကြသည့်အတွက် မိဖုရားခေါင်ကြီး သီရိဒေဝီမှာ လက််မခံချင်ပါသော်လည်း ဒူးထောက်ကာ တောင်းဆိုနေကြသည်ကို ထောက်၍ လက်ခံပေးလိုက်ချေသည်။
YOU ARE READING
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်