Part-61(ငယ်ငယ်ကလို ၇ယောက်အတူပေါ့ဗျာ)

699 63 4
                                    

Unicode

"သခင်မလေး ဝဏ္ဏနဲ့ လာတွေ့တာလားဗျ"

"ဟုတ် ဦးပြည့် သမီးကို သခင်မလေးလို့ မခေါ်ပါနဲ့ဆို"

"အာ ဟုတ်သား ဦးလေး ရုတ်တရက် တွေ့လိုက်ရတော့ မေ့သွားလို့ပါဗျာ"

"ငယ်ငယ်ကတော့ သမီး မဟုတ်ရင် နှင်းအိလေး ဆိုပြီး ခေါ်ခေါ်နေကျကို သခင်မလေး ဆိုတာကြီးကျ နားထဲ ကန့်လန့်"

"ဟုတ်ကဲ့ပါဗျာ နောက်ကျ ဂရုစိုက် ခေါ်ပါမယ်ဗျ"

"ဟုတ် ဖေဖေ အထဲမှာ ရှိတယ်မလား ဦးပြည့်"

"ရှိပါတယ်ဗျာ ဦးလေးလည်း အထဲဝင်မလို့ လာလာ နှင်းအိလေး"

"ဟဲဟဲ အဲ့လိုမှပေါ့ နားထောင်လို့ ကောင်း"

ဖေဖေ့ရုံးခန်းမရောက်ခင် ဖေဖေ့ရဲ့ အတွင်းရေးမှူး ငယ်သူငယ်ချင်းလည်း ဖြစ်သူ ဦးပြည့်နဲ့ တွေ့၍ စကားပြောနေကြပြီးနောက် နှစ်ယောက် ရုံးခန်းဘက်သို့ ဦးတည်လာခဲ့လိုက်ကြသည်။

အထဲမဝင်ခင် ခေါင်းလေးပဲ အရင်ဝင်ပြီး လှမ်းကြည့်လိုက်တော့ ဖေဖေက စာရွက်စာတမ်းတွေ ကြည့်နေကာ အလုပ်ရှုပ်နေပုံ ပေါ်လာတာကြောင့် နှင်းအိဖြူ အသံပေးလိုက်သည်။

"ဖေဖေ အလုပ်ရှုပ်နေတာလားဟင်"

"သမီး! ဖေဖေ အလုပ်မရှုပ်နေပါဘူး ဝင်ခဲ့လေ"

"ဟုတ် ဟုတ်"

နှင်းအိဖြူ ဝင်သွားတော့ ဦးပြည့်လည်း အနောက်မှ လိုက်လာသည်။နှင်းအိဖြူလည်း ဆိုဖာခုံမှာ ဝင်ထိုင်တော့ ဖေဖေနဲ့ ဦးပြည့်ရော အနားက ခုံမှာ ဝင်ထိုင်လာကြပြီး ဖေဖေက အရင်ဆုံး စကားစလာလေသည်။

"သမီးလေး ဖေဖေ့ဆီ ဒိီအတိုင်း ပျင်းလို့ပဲ လာတာလား ပြောစရာ ရှိလို့ပဲလား"

"မနက်ဖြန် သမီး ကိုကိုတို့နဲ့ ခရီးသွားကြမှာလေ အဲ့ဒါ သွားရင် သမီးတို့ မိသားစုအပိုင် private jetနဲ့ပဲ သွားကြမလို့ အဲ့ဒါ ဖေဖေ့ကို အရင်ခွင့်လာတောင်းတာ"

"ဪ သမီးရယ် ဘာများလဲလို့ ဖေ့သမီးတို့ ခရီးသွားမှာပဲကို ပြီးတော့ သမီးတို့ သွားချင်ရင် ကြိုက်တဲ့ အချိန် သွားလို့ ရပါတယ် ဖေဖေ့ကို လာခွင့်တောင်းနေစရာ မလိုပါဘူးဗျာ ဖေဖေရှာထားတာတွေ ဖေဖေ့မှာ ရှိတာတွေ အားလုံး ဖေဖေ့သားတွေနဲ့ သမီးအတွက်ချည်းပဲ"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Onde histórias criam vida. Descubra agora