Unicode
နန်းရဲ့ အမေနှင့် တွေ့ပြီး နောက်တစ်ရက်တွင် ပြန်ရတော့မည့် ရက်ဖြစ်တာကြောင့် အကုန်ပြင်ပြီး ဆင်ပြီး ထုပ်ပိုးပြီးသည်နှင့် အသုံးပြုခဲ့သော အခန်းတို့ကိုလည်း ပြန်သန့်ရှင်းပေးခဲ့ကြဖို့ မမေ့ချေ။
မနက်၉နာရီလောက် airportဆီ အရောက်သွားရမှာမို့ မနက်စောစော ထကာ မနက်စာ စား ၊ အဆင်သင့်ပြင်ကာ ဦးလေးကိုလည်း နှုတ်ဆက်ဖို့ မမေ့။
ထို့နောက် လမ်းမှာ ဆာကူရာလေးတို့ကို ဝင်ခေါ်ပြီးသည်နှင့် လေဆိပ်ဆီသို့ ဆက်ထွက်လာခဲ့ကြသည်။
"ဒီမှာ တော်တော်ပျော်ခဲ့ရလို့နဲ့ တူတယ် အိမ်ပြန်ရမှာကိုတောင် မပြန်ချင်ဘူး ဖြစ်နေတယ်"
နှင်းအိဖြူမှာ လေယာဉ်မထွက်ခင် ထိုင်ခုံတွင် နေရာယူပြီးသည်နှင့် ပြောလာတော့ လူတိုင်းလည်း ထောက်ခံကြလေသည်။
"ဒါပေမဲ့လည်း နောက်ပိုင်းကျ အခုလို လူစုံတက်စုံ ထပ်သွားလို့ ရသေးတာပဲဟာ အေးဆေးအေးဆေး"
"ဒါပေါ့ ဒါပေါ့"
နှင်းအိဖြူ စကားပြောရင်း ရှေ့ခုံတွင် ဝင်ထိုင်လာသော မာန်အား လက်တို့လိုက်သည်။
နှင်းအိဖြူ-"မာန် မာန် နင် ပြန်ရောက်ရင် ကျောင်းတက်ဖို့ ထပ်သွားရမှာလား"
မာန်-"မဟုတ်ဘူး ငါ အကိုမဟာရဲ့ ကုမ္ပဏီမှာ ငါ အလုပ်ဝင်လုပ်တော့မှာ"
နှင်းအိဖြူ-"အာ အဲ့လိုလား ဆာကူရာလေးကလည်း ပြန်ရောက်ရင် ပိတ်ရက်ကုန်သွားလို့ ကျောင်းပြန်စတက်ရတော့မှာနော်"
ဆာကူရာ-"ဟုတ်တယ် မမ"
နှင်းအိဖြူ-"ကိုကိုတို့ကလည်း မအားနေတော့ဘူး နန်းလည်း ပြန်ရောက်တာနဲ့ အလုပ်ကိစ္စတွေကြား မအားတော့ဘူး ဟူးး အဲ့ကျ ဆေးရုံ သွားပြီး အလုပ်လုပ်တာပဲ ကောင်းပါတယ်"
ပြန်ရောက်သည်နှင့် အတူလျှောက်လည်ဖို့ အချိန်အားလပ်သည့် သူ မရှိနေသည်ကို စိတ်မကောင်းသွားသလို ရေရွတ်ရင်း အလုပ်လုပ်တော့ဖို့ပဲ နောက်ဆုံးပိတ် ပြောသွားတာကြောင့် ဆာကူရာလေးတို့ မောင်နှမနှစ်ယောက်က လွဲလို့ ကျန်သည့် သူတွေမှာ အသံတိတ် ရီနေကြတော့သည်။
VOCÊ ESTÁ LENDO
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်