Part-56(တစ်ဘဝလုံး ပေးဆပ်ရဲလောက်တဲ့အထိ ချစ်တယ်)

769 68 3
                                    

Unicode

"ညီမလေး ညီမလေး"

ပုခုံးကို ဖြည်းဖြည်း လှုပ်ကာ နှိုးနေသူမှာ နူးနူးညံ့ညံ့ဖြင့်မို့ နှင်းအိဖြူအတွက် ချော့သိပ်နေသလို။သို့ပေမဲ့ အိမ်မှာ တစ်ယောက်တည်း နေသူမို့ အိမ်ထဲ ဘယ်သူရောက်လာတာလဲ သိချင်သည့် စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုကိုနက္ခတ်ဆန်းသွင်။

*အာ ဟုတ်သား ညက ကိုကို လိုက်ပို့ပေးပြီး ဒီမှာ အိပ်ဖြစ်သွားတာပဲ*

"အင်း ကိုကို ညီမလေး အိပ်ချင်သေးတယ်"

"အင်းပါ ကိုကိုလည်း ညီမလေးကို ဆက်အိပ်စေချင်သေးတယ်ဆိုပေမဲ့ အိမ်ကို ဧည့်သည်ရောက်နေတယ်"

"ဧည့်သည်? ဘယ်သူ.."

နှင်းအိဖြူ အိပ်ချင်မူးတူးဖြင့် တစ်ဖက်ပြန်လှည့်သွားကာ ပြန်အိပ်ဖို့ ပြင်နေချိန် ကိုကိုပြောလာသည့် နာမည်ကြောင့် ကုတင်ပေါ် ချက်ချင်း ငုတ်တုတ်ထထိုင်လိုက်မိသည်။

"ခွန်း ရောက်နေတာ"

"ဟမ်!? ခွန်း..နန်း နန်း ညီမလေး အိမ်ကို ရောက်နေတာ? ဘာလို့"

"ဘာလို့လဲတော့ ကိုကိုလည်း မသိဘူး ကိုကို မနက် အိပ်ရာက နိုးပြီး မနက်စာပြင်နေတုန်း ပေးစရာရှိလို့ ဆိုပြီးပဲ ညီမလေးရဲ့ အိမ်လိပ်စာ မေးလာတာ ခုနကပဲ ရောက်တယ်"

"အခု အိမ်ထဲမှာလား တစ်ယောက်တည်း နေရခက်နေဦးမယ် ကိုကို အနားမှာ သွားနေနေပေးလိုက်ပါ ညီမလေး ခဏနေ ချက်ချင်း လာခဲ့မယ်"

ပြောပြီးပြီးချင်း ကုတင်ပေါ်က ပြေးဆင်းကာရေချိုးခန်းထဲကို ဝင်သွားတဲ့ ညီမလေးကို ချော်လဲမှာတောင် စိုးထိတ်မိရသည်။

"ညီမလေး စောင့်နေတယ်ဆိုပြီး အရမ်းမလောနေနဲ့ဦးနော် ချော်လဲနေဦးမယ်"

"ဟုတ် ဟုတ် ကိုကို"

တံခါးအပြင်ဘက်ကနေ သတိပေးလိုက်တော့ အထဲမှ ပြန်ဖြေလာသည်နှင့် နက္ခတ်ဆန်းသွင်လည်း အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

"ခွန်း ခဏလေးနော် ညီမလေးက မနက်နိုးလာတာနဲ့ ရေတစ်ခါတည်း ချိုးတတ်လို့"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Tempat cerita menjadi hidup. Temukan sekarang