Unicode
နှင်းအိဖြူ အကိုတော်ကိဿတို့ဆီသို့ ရောက်လေသည့်အခါတွင် မင်းသမီးလေးတစ်ပါးအနေနှင့် နန်းတော်အပြင်အဆင်တို့အပြင် နန်းတွင်းသူတို့၏ လုပ်ကိုင်နိုင်ပုံ နှင့် နန်းဆောင်ရာထူးစီမံခန့်ခွဲရန် လုပ်ဆောင်ရမည် ဖြစ်၍ ညည်းညူမိသည်။
"မိမေ ငါ အရင်ကလည်း ဒီလိုတွေပဲ လုပ်ခဲ့ရတာလား"
"ဟုတ်ပါတယ် မင်းသမီးလေး အရင်ကလျှင် တစ်ဦးတည်းသာ ယခုမှာ မင်းသားတို့ နှစ်ပါးလည်း ကူညီပေးကြသည်ကြောင့် မင်းသမီးလေး သက်သာလှခြင်းပင်"
*သက်သာတယ်တဲ့လား မိမေရယ် ဒီလို အိမ်သန့်ရှင်းရေး နှင့် အိမ်တော်ထိန်းသိမ်းရေးမျိုးတွေကို ငါ လုပ်ရတာ ဝါသနာ သေးသေးတင်လောက်လေးတောင် မပါဘူးဟ အရင်ကဆို ငါ့အခန်း ငါတောင် ရှင်းတာ မဟုတ်ဘူး အဲ့လောက် ငါဟာ ဆေးရုံနဲ့ အပြင်မှာပဲ အချိန်တွေ ဖြုန်းနေခဲ့တဲ့သူကို အိမ်မှုကိစ္စမျိုးတွေ စီမံခိုင်းနေတယ်*
"ငါ ရှင်ချင်တယ် ရှင်ချင်တယ်"
မျက်လုံးမှိတ်ထားလို့ စိတ်ထဲ ရှိသည့်အတိုင်း ရေရွတ်လိုက်မိပြီးကာမှ အကိုတော်တို့ အနားမှာ ရှိမှန်း သတိရတော့သည်။
နှင်းအိဖြူကို တစ်ခုခုများ ဖြစ်နေလေသလားဆိုသည့် စိုးရိမ်မှုတို့ အပြည့် မျက်ဝန်းတို့နှင့် ကြည့်လာကြတဲ့ အက်ိုတော်နှစ်ယောက်ကို ဆင်ခြေ ၊ ဆင်လက် ၊ ဆင်နားရွက် ၊ ဆင်တစ်ကိုယ်လုံးလောက်ပါ ပြောပြီး အယုံသွင်းလေသည်။
နှင်းအိဖြူ-"နှမတော် ဘာမှ မဖြစ်ဘူးနော် ဒီအတိုင်း ထိုင်နေတာ ကြာပြီဆိုတော့ အကြောလေး ဆန့်ချင်လာလို့ ပြီးတော့ ဗိုက်လည်း နည်းနည်းဆာသလိုလေး ရှိတော့ သရေစာမုန့်လေး စားချင်လာရုံပါ"
ကိဿရုဃန-"နှမတော် ဗိုက်ဆာလေသည်လား မိမေ စားတော်ကဲကြီးကို မင်းသမီးလေး ကြိုက်မည်မျိုး ပြင်ခိုင်းလိုက်ချေ"
မိမေ-"အမိန့််တော်အတိုင်းပါ အရှင့်သား"
နှင်းအိဖြူ-"ခဏ စားတော်ကဲကြီး ခေါက်ဆွဲပြုတ်ဆိုတာကို သိလောက်မလား"
BẠN ĐANG ĐỌC
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်