Part-67(အတိတ်ဘဝနှင့် ဆက်နွယ်မှု)

539 49 5
                                    

Unicode

Dinnerပွဲပြီး နောက်တစ်နေ့ မနက်ကျ နှင်းအိဖြူ သိချင်နေခဲ့တာကို မေးဖြစ်ခဲ့သည်။

ထိုသည်က ပွဲမှာ သူငယ်ချင်းတွေနဲ့ ရှိခဲ့တုန်းက နန်း ပြောခဲ့သည်ကိုပင်။

သို့ပေမဲ့ ပြောတုန်းက ပြောပြီး မေးမိတော့ကျ မဖြေဘဲ ရှက်နေတဲ့ သူကြောင့် နှင်းအိဖြူမှာ ကိုကိုနက္ခတ်ကိုသာ အားကိုးရတော့သည်။

ထိုအခါမှ 'Amica mea' နှင့် 'Amor'ဟာ Latinလို 'my love' , 'love' လို့ အဓိပ္ပာယ်ရပြီး 'Te amo'မှာတော့ Latinလို 'I love you'လို့ ဆိုလိုပါသည်တဲ့လေ။

အဓိပ္ပာယ်ကို သိလိုက်ရတော့မှ နှင်းအိဖြူမှာ နန်းတစ်ယောက် မဖြေဘဲ ရှက်နေရသည့် အကြောင်းရင်းကို သိသွားလေသည်။

"နန်းကတော့ ချစ်စရာကြီး ဟိဟိ"

အနားမှာ ရှိနေသည့် အကိုဖြစ်သူတွေကိုပင် လှည့်မကြည့်တော့ပြန်ဘဲ သူ့ရည်းစားဆီ ပြေးထွက်သွားသည့် ညီမလေးအား အံ့ဩမိလွန်းလို့ ဘာမှ မပြောနိုင်ကြတော့ပေ။ပြောလည်း မပြောရဲကြတာဆို ပိုမှန်လိမ့်မည်။

ထို့နောက် ခရီး၌ ကျန်ရှိနေသေးသည့် နေ့ရက်တို့တွင် နှင်းအိဖြူတို့ သက်သက်ပဲ မဟုတ်တော့ဘဲ ဆာကူရာလေးတို့ကိုပါ ခေါ်ပြီး အတူလျှောက်လည်ဖြစ်ခဲ့ကြသည်။

နောက်မှ သိလိုက်ရသည်မှာ ဆာကူရာလေးသည် နှင်းအိဖြူတို့ရဲ့ မွေးရပ်မြေတွင် uniတက်နေသည့်အပြင် ထိုuniသည် နက္ခတ်ဆန်းသွင် ရှိသည့် ကျောင်းပင်။

Professorဖြစ်တဲ့ နက္ခတ်ဆန်းသွင်ကို ကျောင်းမှာ တစ်ခါတစ်လေ တွေ့ရလေ့ရှိပေမဲ့ အဆောင်မတူ ၊ ဆာကူရာလေးတို့ majorမှာ သင်ပေးဖူးသည့် ဆရာလည်း မဟုတ်၍ သူစိမ်းတစ်ယောက်ကို စကားစပြောရန် ကြောက်စိတ်ဝင်တတ်သည့် အကျင့်လေးကြောင့်နှင့် နှင်းအိဖြူရဲ့ အကိုဖြစ်သူမှန်း သိသော်လည်း နှုတ်မဆက်နေရဲခဲ့ခြင်းပေ။

နှင်းအိဖြူမှာ လျှောက်လည်ကြသည့် တစ်လျှောက် နန်းနှင့်အတူ အချိန်ကုန်ဆုံးရန် မမေ့သလို အောင်သွယ်တော် လုပ်ပေးဖို့လည်း မမေ့ချေ။
ဆာကူရာလေးနှင့် ကိုကိုထန်းပင်ကိုတော့ ဆာကူရာလေးကိုယ်တိုင် အကွက်ရွှေ့တတ်တာကြောင့် သိပ်ကူပေးစရာမလိုပေမဲ့ ပြဿနာမှာ ကိုကိုအကြီးဆုံးတို့အတွဲ။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Onde histórias criam vida. Descubra agora