Part-58(နန်းက အခုလို ပုံစံနဲ့ မလိုက်ဖက်ဘူး)

862 80 2
                                    

Unicode

ရက်ပိုင်းအကြာ ခွန်းသဒ္ဒါသွယ် ကွာရှင်းရန် ထပ်မံကြိုးစားကြည့်ခဲ့သည်။ယခုအခါတွင်တော့ ရှေ့တစ်ခေါက်လို ကွာရှင်းစာချုပ်တစ်ခုတည်းနှင့် မဟုတ်ဘဲ ကွယ်ရာတွင် ဖောက်ပြန်နေခဲ့တဲ့ ဓာတ်ပုံတွေ ၊ ကိုယ်ထိလက်ရောက်အနာတရ ဖြစ်စေခဲ့တဲ့ ပုံတွေပါ ယူလာခဲ့သည်။

အတွင်းရေးမှူးဖြစ်သူမှာ တွေ့တော့ ထနှုတ်ဆက်လာ၍ ဒီအတိုင်း ဖြတ်လျှောက်သွားဖို့ လုပ်ရာမှ စိတ်ပြောင်းသွားကာ အတွင်းရေးမှူးဖြစ်သူရှေ့တွင် ရပ်လိုက်သည်။
အတွင်းရေးမှူးမှာ နားမလည်သလို 'တစ်ခုခုလိုအပ်လို့လား ဘာများ ကူညီပေးရမလဲရှင့်'ဟု မေးလာသည်ကို ပြုံးလိုက်ကာ စကားပြန်လိုက်သည်။

"သူများ ယောက်ျားနဲ့ ဖြစ်နေရတဲ့ နေရာမျိုးမှာ နေမယ့်အစား သူ့ဇနီးဖြစ်သူနေရာမှာ နေပါလား အခွင့်အရေး ပေးမယ်လေ"

"ရှင်?"

"မင်း သူ့မယားငယ်လို့ပဲ နေနေမှာလား သူ့ဇနီးမဖြစ်ချင်ဘူးလား ဖြစ်ချင်ရင် ငါ ကူညီပေးမယ်"

"ဒါဆို ကျွန်မတို့ အကြောင်း သိနေတာပေါ့ အဟက် ရှင့်ဘက်က ပွင့်ပွင့်လင်းလင်းဆိုတော့လည်း ကျွန်မဘက်ကလည်း ပွင့်လင်းရတာပေါ့ အင်း ကျွန်မ ဖြစ်ချင်တယ် သူ့ဇနီးသည် ဒါပေမဲ့ ရှင်က ရှိနေတော့ ဖယ်ရှားဖို့ အခက်တွေ့နေခဲ့တာ ရှင်ကိုယ်တိုင်က ဖယ်ပေးနေတော့လည်း အားနာပေမဲ့ ကျေးဇူးတင်စွာ အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပါ့မယ်"

"ကံကောင်းပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်"

ခွန်းသဒ္ဒါသွယ် အတွင်းရေးမှူးဖြစ်သူနှင့် ပြောပြီးတာနဲ့ ရုံးခန်းထဲ ဝင်လာခဲ့လိုက်သည်။

"ကွာရှင်းဖို့ ပြောပြီး လက်မခံလို့ ရက်ပိုင်းလောက် ငြိမ်နေခဲ့တဲ့ သူက ရုံးခန်းကို ဘာလုပ်ဖို့ လာတာပါလိမ့် သိချင်စရာ"

"သိသာပါတယ် ကွာရှင်းဖို့ ထပ်လာပြောတာပေါ့"

"မင်း အရင်တစ်ခေါက်က ခံရတာ မမှတ်ဘူးထင်တယ် ငါက လွယ်လွယ်လေးနဲ့ လက်ခံမယ်ထင်နေလား"

"ဘယ်လွယ်လောက်ပါ့မလဲ ဒါ့ကြောင့် ပြင်ဆင်ခဲ့တယ်လေ"

ပြောပြီးသည်နှင့် ခွန်းသဒ္ဒါသွယ် ယူလာတဲ့ ဓာတ်ပုံ နှင့် သက်သေတွေ သူ့အရှေ့ စားပွဲပေါ်သို့ လှမ်းပစ်ချလိုက်သည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Donde viven las historias. Descúbrelo ahora