Unicode
============မနက်မိုးလင်းသည်ဝယ် ငှက်လေးများ၏ တေးသံသာယာစွာ တွန်ကြူးကြသည်ကို ကြားရသည်မှာ နားဝင်ချိုလှသည်။
မနက်ခင်းလေးကိုလည်း ပြည့်စုံစေသည်။ချစ်ရသူရဲ့ ရွှေမျက်နှာတော်ကို နိုးထ၍ မျက်လုံးဖွင့်သည်နှင့် မြင်နိုင်ရသည်မှာလည်း နိဗ္ဗာန်ပဲပေ။
နုရွသော အိပ်စက်ရန်အကောင်းဆုံး ချည်ပိုးခေါင်းအုံးကို မသုံးဆောင်ပါဘဲ ချစ်သူ၏လက်မောင်းကိုသာ အသုံးပြုချင်သည်ဆိုသော မင်းသမီးလေး အိပ်စက်တော်မူချိန်တွင်တောင် အေးချမ်းလှပလွန်းသည်။
လုလင်ပျိုတိုင်းအတွက် မငြင်းရက်နိုင်စရာ ၊ ကိုယ်ကျင့်တရား ၊ အသိဉာဏ်ပညာဗဟုသုတ ၊ ရုပ်ရည်ပကာသန စသဖြင့် အရာရာ၌ ပြည့်စုံလှသော မိန်းမပျို၊မိန်းမလှလေးဖြစ်သော မင်းသမီးလေးသည် အေးစက်ကြမ်းတမ်းကာ ခံစားချက်၊အသဲနှလုံးမရှိသူဟု တင်စားခေါ်ဝေါ်ကြသော မပြည့်စုံသည့်သူတစ်ယောက်ဖြစ်သော စစ်သူကြီး ကျွန်တော်မျိုးမကို ချစ်ကျွမ်းဝင်နှစ်သက်သည်ဆိုတာ မထင်မှတ် ၊ အံ့ဩဖွယ်ရာ ၊ တွေးပင် မတွေးဖူးသည့် ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် မယုံဖွယ်နိုင်စရာကောင်းလှသည့် အရာတစ်ခုပေ။
သို့သော် က်ိုယ်ချစ်မြတ်နိုးသူသည် ကိုယ့်အပေါ် ခံစားချက်တစ်စုံတစ်ရာ ရှိသည်ကို ပျော်ရွှင်ဝမ်းသာမိလေသည်။
အိပ်စက်တော်မူနေသည်ကို ရှုစားတော်မူနေချိန် အတန်ကြာတော့ မြတ်နိုးရသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သော အမှောင်ပိတ်ဖုံးလွှမ်းထားရသည့် မျက်ဝန်းတစ်စုံ ပွင့်ဟလာကာ အကြည့်ချင်းဆုံလာလေသည်။
အခေါက်ပေါင်းမြောက်မြားစွာ အကြည့်ချင်းဆုံဖူးပါသော်လည်း ပြီးခဲ့သည့် အခါတိုင်းထက် ရင်ခုန်တုပ်လှုပ်ဆဲ။ ပို၍ ရင်ခုန်သံများ ဖြစ်တည်စေသော ဆူဆူလေးဖြစ်နေသည့် နှုတ်ခမ်းဖူးဖူးလေးက ဆွဲဆောင်နိုင်စွမ်းအပြည့် ရှိလှသည်။
လျော့ရဲကာ ဖော်ကာပြနေသလို ပေါ်နေသော လည်တိုင်တစ်လျှောက်နှင့် ပုခုံးသား၌လည်း ညက ကြမ်းတမ်းစွာ စုပ်ယူနမ်းရှိုက်ကာ ပေးထားသော အမှတ်အသားများနဲ့ လှချင်တိုင်း လှနေလေ၏။
ESTÁS LEYENDO
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်