Part-36(ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာ)

789 100 6
                                    

Unicode

ရေကန်ကြီး အနားမှာ ရှိနေသည့် လူနှစ်ယောက်မှာ စကားမဆို ၊ အပြန်အလှန် ကြည့်ရင်းသာ တိတ်ဆိတ်နေကြသည်။

ပြောစရာ မရှိ ဆိုတာထက် ပြောစရာတွေ များလွန်းလို့ ဘာအရင် ပြောရမလဲ မသိတာမျိုး ဖြစ်နေချေသည်။

"စစ်သူကြီး အရင်ဆုံး အခုလို ပြန်ရောက်လာရသည့် အဓိက အကြောင်းရင်းမှာတော့ စစ်သူကြီး နှင့် အမနှင်းအိဖြူကို ပြန်အဆင်ပြေစေချင်လို့ပါ"

နှင်းအိဖြူက အရာအားလုံး ဖြေရှင်းပေးပြီးသွားလို့ အရင်ဘဝဆီ ပြန်ရင် နှင်းဟေမာန်ကို ပြန်ခေါ်ပေးမယ်ဆိုပြီး သူတစ်ပါးအတွက် တွေးနေချိန်မှာ နှင်းဟေမာန်ကလည်း စစ်သူကြီးနဲ့ အဆင်မပြေဖြစ်နေတာကို ဝင်ဖြေရှင်းပေးမယ်ဆိုပြီး တစ်ပါးသူကို ကူညီပေးလေသည်။

"မင်းသမီးလေး အဘယ်ကြောင့်နဲ့ ပျောက်ကွယ်သွားရသလဲ ကျွန်တော်မျိုးမသည်တော့ မင်းသမီးလေးဟု ထင်မှတ်ပြီး ပျော်နေခဲ့မိချေသည်"

"အကျွန်ုပ် မရင်ဆိုင်ရဲခဲ့ခြင်းကြောင့်ပါ သို့ပေမဲ့ အမနှင်းအိဖြူမှာတော့ ကြောက်ရွဲ့သည်ဆိုလည်း သတ္တိရှိရှိဖြင့် ရင်ဆိုင်ရဲသည် နှင်းနှင့် ပြောင်းပြန်ပင်"

"ထိုသို့ မပြောပါလေနှင့် မင်းသမီးလေးလည်း အားသာချက်တွေ ရှိလှပါသေးသည်"

"အကျွန်ုပ်မှာ အချိန် အများကြီး ရှိသည် မဟုတ်သည်ကြောင့် လိုရင်းကိုပဲ ပြောပါရစေ စစ်သူကြီး အမနှင်းအိဖြူနှင့် ပြန်အဆင်ပြေလှည့်ပေးပါ"

"...မဖြစ်နိုင်ပါချေ မင်းသမီးလေးကို လက်ခံနိုင်သည် ဆိုသော်လည်း ထိုသူသည် မင်းသမီးလေး မဟုတ်၍ ခက်ခဲလှမည်"

"စစ်သူကြီး ယခုထိပင် သတိမထားမိသေးသည် ထင်"

"အဘယ်ကို ဆိုလိုလေသလဲ မင်းသမီးလေး"

"စစ်သူကြီး အမှန်တစ်ကယ် ချစ်ရသူမှာ နှင်းဟေမာန် မဟုတ်ဘဲ နှင်းအိဖြူ ဆိုသည့် သူ ဆိုသည်ကိုပေါ့"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Wo Geschichten leben. Entdecke jetzt