Part-22(မည်သူမှ မသိရှိခဲ့သော အတိတ်)

1.4K 153 5
                                    

Unicode

အော်သံနက်ကြီးတွေ အဝေးကနေ ထွက်လာနေသလို ကြားနေရတာကြောင့် အသံလာရာကို ရှာဖွေချင်ပါသော်လည်း အမြင်တို့ဟာ အမှောင်ထုကြီးကို မြင်နေရဆဲပင်။

ရုတ်တရက်ဆိုသလို အသံတွေဟာ တဖြည်းဖြည်း ပိုကျယ်လောင်လာကာ အလင်းရောင်စူးစူးဟာလည်း မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာတာကြောင့် မခံနိုင်၍ မျက်လုံးကို အတင်းမှိတ်လိုက်ကာ ဖြေးဖြေးချင်း အားယူပြန်ဖွင့်ကြည့်လိုက်သည်။

စခန်းတစ်ခုအတွင်းသို့ မိဖုရားငယ်ကို ဓားပြတွေ ခေါ်ဆောင်သွားတော့ လျှောက်သွားရာ တစ်လျှောက် ဘေး၌ ဆွဲဖမ်းခေါ်ဆောင်ခြင်းခံလာခဲ့ရသည့် ပြည်သူတွေဟာ အားအင်လျော့နည်း၍ အရိုးတွေပင် ပေါ်လို့ နေလေသည်။

ပုံစံတို့သည် အကြမ်းပတမ်းမခံနိုင် မျော့မျော့လေးသာ ကျန်ကြတော့သည့် ပုံစံများဖြစ်နေကြ၍ အဝတ်များသည် ညစ်ပတ်ပေကျံကာ မလှမ်းမကမ်းက ကြည့်လျှင် လူလို့ပင် မထင်ရလောက်အောင် စုတ်ပြတ်နေကြသည်။

မိဖုရားငယ် လက်ကို ကြိုးတုပ်ခံထားရ၍ ကြပ်လွန်းလို့ သွေးပင် ထွက်နေတာကို ဂရုမစိုက်နိုင်တော့။ကြိုးကို ဆွဲခေါ်သွားရာတောက်လျှောက် အငတ်ဘေးဒုက္ခအပြင် ငရဲလို ခံစားနေရသော ပြည်သူတွေကို ကြည့်ပြီး မျက်ရည်တွေပါ ဝဲနေလေသည်။

အတွင်းကျကျသို့ ရောက်သော အဖမ်းခံထားရသူတွေမှာ ယောက်ျားတွေအပြင် မိန်းမနှင့် ကလေးတွေပါ ပါကြ၍ မိဖုရားငယ် ထိုဓားပြတို့ကို အလွန်ရွံရှာမုန်းတီးနေမိသည်။

လရင့်နေပြီဖြစ်တဲ့ သန္ဓေသားကို ထမ်းထားရသော မိန်းမသားများလည်း ပါသည်မို့ လူသားမဆန်လှသည့် သူခိုးဓားပြတို့အပေါ် အမုန်းတရားတို့ဟာ များပြားကြီးထွားလာတော့သည်။

"ရောက်ပေပြီလား အမှန်ကို အင်မတန် ချောလှသည့် မိန်းမပျိုပါပေလား ဟားဟား"

ခေါင်းဆောင်အကြီးအကဲဖြစ်ဟန်ရှိသည့် သူက နောက်ကျောပေးထားရာမှ လှည့်လာကာ ဆောင်းလေပြေနှင်းကို ကြည့်ပြီး ပြောလာသည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Wo Geschichten leben. Entdecke jetzt