Part-75(ပျောက်ဆုံးနေခဲ့သော မှတ်ဉာဏ်)

383 29 2
                                    

Unicode

မရပ်မနား မိနစ်၃၀ကျော်လောက် နှင်းအိဖြူတို့ တောထဲ သွားနေခဲ့ရာ အပြင်သို့ မရောက်လာသေးဘဲ တောနက်ထဲသို့ ပိုပိုရောက်နေတော့သလို ခံစားနေရတာကြောင့် နှင်းအိဖြူမှာ လမ်းပျောက်ပြီအထင်နဲ့ စိုးရိမ်ကြောက်ရွံ့နေတော့သည်။

"နှင်း..နှင်းဟေမာန် ငါတို့ လျှောက်လာတာ လမ်းရော မှန်ရဲ့လား"

"မှန်လောက်တယ်..ထင်တာပဲ အချိန်ခဏလေးနဲ့တော့ တောထဲက ဘယ်ထွက်နိုင်ပါ့မလဲ အမရယ်"

"ဟဲ့ အဲ့ဒါကလည်း လမ်းမှန်ဦးမှလေ အခုက တောထဲကနေ မထွက်ဘဲ တောလယ်တည့်တည့် ပိုရောက်သွားမှာ စိုးလို့ဟ"

"ညီမ လမ်းနည်းနည်းပါးပါး သိပါတယ် အဖွားအနောက်ကို တစ်ခါနစ်လေ သူ့အစီအစဉ်တွေ သိရအောင်လို့ လိုက်လိုက်လာတတ်လို့"

"ဟယ် အဲ့ဒါဆို နင် ထွက်လမ်းသိတာပေါ့"

"ဟို..သိပ်တော့ မသေချာဘူး အရင်အခေါက်တွေ နောက်က လိုက်ဖို့ ကြိုးစားခဲ့သမျှ တောထဲ လမ်းခဏခဏပျောက်ပျောက်ပြီး ကျန်ခဲ့ဖူးတယ်"

"..အဲ့ဒါကို ဘယ်လိုပြန်ထွက်လာခဲ့လဲ"

"အဖွား တောထဲက ပြန်ထွက်လာတော့ သူ့အနောက်က ပြန်လိုက်သွားခဲ့တာ"

"ဪ အေး ကောင်းရော အဲ့နော့ အခု ငါတို့က ဘယ်လိုထွက်မှာတုန်းဟ"

"မှတ်မိသလောက်တော့လေ ဒီရှေ့မှာ အိမ်တစ်အိမ်တော့ ရှိတယ်"

"လူနေတာလား"

"ဟင့်အင်း စွန့်ပစ်ထားသလိုပဲ ဒါပေမဲ့ ခဏဝင်နားဖ်ို့အတွက်တော့ အဆင်ပြေတယ်"

"ဟယ် နင့်ဟာကလည်း ကြောက်စရာကြီး ဇာတ်ကားတွေထဲမှာဆို အဲ့လိုအိမ်ပျက်ထဲ ဝင်လို့ ဒုက္ခရောက်သေကုန်ကြရတာတွေချည်းပဲ ငါတော့ အဲ့လို မစွန့်စားနိုင်ပါဘူး ငယ်ငယ်ရွယ်ရွယ်လေး မိန်းမယူရဦးမယ်"

"ဒီ..အမဘာသာ တောထဲ နေချင် နေခဲ့လေ နှင်းတော့ အဲ့အိမ်ဆီ သွားပြီပဲ"

နှင်းအိဖြူမှာ အိမ်ကြီးထဲ ဝင်ရမှာ ကြောက်နေမိသော်လည်း တောထဲ တစ်ယောက်တည်း နေရမှာက ပိုကြောက်ဖို့ ကောင်းတာမို့ မျက်နှာငယ်လေးနဲ့ နောက်က လိုက်သွားချေသည်။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Wo Geschichten leben. Entdecke jetzt