Part-74(ကျိန်စာ)

276 23 0
                                    

Unicode

အဖြစ်အပျက်ဆိုးနဲ့ ကြုံရပြီးနောက် ရွာ၏ အခြေအနေတို့မှာ ပိုမိုကောင်းမွန်လာနိုင်ခဲ့သော်လည်း ရွာသားတို့၏ စိတ်အခြေအနေတို့မှာတော့ ကုသမှု ယူနေရဆဲပေ။

အထူးသဖြင့် ရွာအပြင်ရှိ အိမ်မှ အမေဖြစ်သူ ၊ ယခုမှာတော့ တစ်ယောက်တည်း ကျန်ရစ်နေတော့ပါသော အမျိုးသမီးမှာ ညဘက်တွေဆို တောထဲသို့ တုတ်မပါ ၊ ဓားမပါနှင့် စိတ်လွတ်နေတဲ့ သူတစ်ယောက်လို လျှောက်လျှောက်သွားနေတတ်တော့သည်။

ရွာလူကြီးမှာ အသက်ဘေးအန္တရာယ် မကြုံရအောင် ရွာထဲသို့ ပြန်ခေါ်သော်လည်း မရ၊ ညဘက်တောထဲ မဝင်ရန် တာရမြစ်တော့လည်း မရဖြစ်နေတာကြောင့် ညဘက်ဆို လူနှစ်ယောက်အား ကင်းလှည့်ခိုင်းကာ စောင့်ကြည့်ထားခိုင်းသော် ဆွဲတားသော သူအား အန္တရာယ်ပြုရန် ကြိုးစားလာပေသည်။
ထိုသို့ ဖြစ်ရကုန်၍ ရွာလူကြီးနှင့် အရှင့်သားတို့မှာ မတတ်နိုင်တဲ့ အဆုံး လွှတ်သာ လွှတ်ထားပေးရတော့သည်။

ရွာမှ ကိစ္စတွေ ပြီးပြတ်သွားပြီဖြစ်၍ နန်းတော်ဆီသို့ ပြန်ရန် ပြင်ဆင်ပြီးနောက် တစ်ရွာလုံးလည်း အိမ်ရှေ့စံမင်းသားတို့အား ထွက်နှုတ်ဆက်ကြလေသည်။

ရွာအပြင်၌ ရှိသော အိမ်၏ ပြတင်းပေါက်မှ ကြည့်နေသည့် အမျိုးသမီးတစ်ယောက်ကတော့ ရှေ့ဆုံးမှ ဦးဆောင်သွားနေပါသော အိမ်ရှေ့စံမင်းသားအား ဒေါသတကြီးနှင့် အံတကြိတ်ကြိတ် စိုက်ကြည့်ရင်း ပါးစပ်မှလည်း တရဆက် ရေရွတ်နေချေတော့သည်။

"အသင်လည်း ငါ့လို သားသမီး ဆုံးရှုံးရခြင်းဒဏ်ကို ပြန်ခံစားစေရမယ်"

^      ^      ^      ^ 

နှင်းအိဖြူမှာ အဖွားအို၏ စကားများကို နားထောင်ရင်း ခေါင်းထဲ၌လည်း မြင်ကွင်းအချို့ကို မြင်ယောင်နေရကာ တိတ်တဆိတ် မျက်ရည်ကျရုံမှ လွဲလို့ ငြိမ်နေမိတော့သည်။

"အခု ငါ ခံစားခဲ့ရတာတွေ သိပြီလား"

"...."

"အဲ့လိုကို ငါ အခုလို လုပ်တာ လွန်တယ်လို့ ထင်သေးလား"

"ဘာလို့ ဒီလောက်အထိ ဖြစ်လဲဆိုတာ သိပေမဲ့ ရှေ့မဆက်ဘဲ ဒီမှာ ရပ်လိုက်စေချင်တယ်..သိတယ် ဒီလောက်အကြာကြီး ပုခုံးပေါ် ထမ်းလာခဲ့ပြီးမှ ရပ်လိုက်ရမှာ မတန်ဘူးဆိုတာ ဒါပေမဲ့ အဖွားလို လူက အခုလို မလွှတ်ချဘဲ ခံစားနေရတာထက် အများကြီး သာတဲ့ အရာမျိုးတွေနဲ့ ထိုက်တန်တဲ့ သူပါ"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Tempat cerita menjadi hidup. Temukan sekarang