Unicode
- - - - - - -နောက်နေ့မနက်ရောက်တော့ မနေ့ညက လူဆိုးသုံးယောက်က်ို မင်းကြီးကိုယ်တိုင် စစ်မြန်းလေသည်။
သို့သော် မင်းကြီးကိုလည်း တူသော အဖြေက်ိုသာ ပေးကြသည်မို့ နှင်းအိဖြူ စမ်းဖူးတဲ့ အမှန်တိုင်း ပြောသည့် လန်ရှန်ဇံ ဆေးဖြင့် စမ်းတော့လည်း အဖြေလည်း ထိုအတိုင်းထပ်တူပေ။
"မင်းသမီးလေးကို ဘယ်သူကမှ အမြင်မကြည်ဖြစ်နေသည်မို့ သည်လောက်အထိ"
ရာဇာဝဏ္ဏမင်းကြီး နန်းပုလ္လင်ပေါ်ထိုင်ကာ စိတ်မကောင်းလည်းဖြစ် ၊ အမျက်လည်းထွက်နေလေရဲ့။
ဟိမန္တာဆန်း-"ဖခမည်းတော် သားတော် စုံစမ်းကြည့်မည် အဓိကတရားခံက်ို သတင်းမရသော်လည်း နီးစပ်ရာသက်သေသတင်းကို ရရှိနိုင်သည်"
ရာဇာဝဏ္ဏမင်းကြီး-"ကောင်းပြီ စစ်သူကြီးကတော့ မင်းသမီးလေးက်ို စောင့်ရှောက်ရန် အမိန့်ရှိသည်မို့ သားတော်ဇနဒဿပါ ထမ်းဆောင်လှည့်ပါ"
ဇနဒဿ-"ဟို ဖခမည်းတော် ကျွန်တော်မျိုး.."
ချန်စောသတ္တ-"ဖခမည်းတော် သားတော် ထမ်းဆောင်ပါရစေ ညီတော်ဇနသည် မင်းသမီးလေးဆာကူရာတို့ကို စောင့်ရှောက်ရန် တာဝန်ရှိသေးသည်ကြောင့်ပေ"
ရာဇာဝဏ္ဏမင်းကြီး-"ကောင်းပြီ အိမ်ရှေ့စံမင်းသားတို့ ကိုယ်တော်မျက်နှာပူမိသည် ပြဿနာတွေကြောင့် ကောင်းကောင်း လည်မပတ်နိုင်တော့"
နှိုင်းမဟာဈာန်-"မဟုတ်တာ ကျွန်တော်မျိုးတို့လည်း ကူညီပေးချင်မိပါသည် မင်းသမီးလေးနှင်းဟေမာန်သည် ကျွန်တော်မျိုး၏ နှမတော်အတွက် အမတော်တစ်ဦးလို ချစ်ခင်ဂရုစိုက်ပေးသည် အကောင်းဆုံးဖြစ်စေရန်လည်း ပြင်ဆင်ပေးသည်မို့ ကူညီပေးပါရစေ"
ရာဇာဝဏ္ဏမင်းကြီး-"ကောင်းပါပြီ အိမ်ရှေ့စံမင်းသား ဂရုစိုက်လှည့်ပါ"
တာဝန်တွေ ပေးပြီး အပြင်ရောက်တော့ ဇနဒဿ အကိုတော်ချန်စောသတ္တကို မေးလာသည်။
ဇနဒဿ-"အကိုတော် အဘယ့်ကြောင့် ညီတော်ကိုယ့်စား ထမ်းဆောင်ပေးရပါသလဲ"
KAMU SEDANG MEMBACA
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်