( Unicode )
~ဂျွတ်~
"အောင်မလေး!!!"
နှင်းအိဖြူ အနောက်က အသံကြားလိုက်ရသည်မို့ အလန့်တကြား လှည့်ကြည့်တော့ အဘွားအိုတစ်ယောက်ပေ။
"အို အဘွား လန့်သွားတာပဲရှင် ငါ့အလှည့်ကျမှ လိပ်ပြာမကြည့်ရဘဲ လိပ်ပြာထွက်တော့မယ် ဟူးး"
"မြေးလေးက မင်းသမီးလေးနှင်းဟေမာန်မိသာကေမဟုတ်လားကွဲ့"
"ဟု..ဟုတ်ကဲ့ပါရှင့်"
"မြေးလေး ဒီဘက်ကို ဘယ်လိုရောက်လာတာလဲကွယ်"
"အာ တောင်းပန်ပါတယ်ရှင့် သမီး ပြန်တော်မူလိုက်ပါဦးမယ်ရှင့်"
နှင်းအိဖြူ လှည့်ပြန်မယ်လုပ်တော့ အဘွားက သူ့လက်ကို ဆွဲထားလေသည်။
"အဘွား လက်လေး လွှတ်ပေးတော်မူပါ"
"မြေးလေးက ဒီကမဟုတ်ဘူးပဲ"
အဘွားရဲ့စကားကြောင့် နှင်းအိဖြူ အံ့ဩသွားလေသည်။
"...."
"သမီး စိတ်ထဲ မယုံကြည်ဖြစ်နေတာ အဘွားသိပါတယ်"
နောက်ဆက်ပြောတဲ့စကားကြောင့်လည်း နှင်းအိဖြူ ပါးစပ်အဟောင်းသား ဖြစ်ရပြန်သည်။
"အဘွား ဘယ်လိုလုပ်သိတာလဲရှင့်"
"အဘွားက ပယောဂဆရာမပါ မြေးလေး"
"အဘွား ပြောတဲ့အသုံးအနှုန်းတွေက သမီးအရင်ကပြောသလိုတွေ အဘွားရော အနာဂတ်ကလားဟင်"
"ဟားဟား မဟုတ်ပါဘူး မြေးလေးရဲ့ အဘွားက အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိရုံပါ အနာဂတ်ကလူ ဒီရောက်လာမှာလည်း အဘွားသိတယ်"
"အဲ့ဒါဆို အဘွား အခု နန်းတော်ဥယျာဉ်ထဲ ရောက်လာတာ သမီးကို ကူညီပေးမလို့ပေါ့ရှင်"
"သမီးလေးက တော်သားပဲ ဟုတ်တယ် မြေးလေး အဘွား ကူညီပေးမလို့ မြေးလေး အနားရောက်တော့ အဘွားရဲ့ စွမ်းအားတွေ ပိုအားကောင်းလာသလို ခံစားရတယ်ကွဲ့"
"ရှင်? ဟုတ် ဟုတ်လားရှင့်"
"မြေးလေး အဘွားကို လက်ပေးပါ"
"ရှင် ဟုတ် ဟုတ်ကဲ့"
နှင်းအိဖြူ အဘွားပြောသလို လက်ပေးလိုက်တော့ သူ့လက်ကို ကိုင်ကာ မျက်လုံးမှိတ်ပြီး ရှေ့ရေးကံကြမ္မာကို ကြည့်ပေးသလိုပင်။
YOU ARE READING
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်