Unicode
နောက်တစ်နေ့ မနက်သို့ ရောက်တော့ နှင်းအိဖြူ စစ်သူကြီးကို ဒဏ်ရာဆေးထည့်ပေးပြီးသည်နှင့် ခရီးမှ ပြန်ရောက်ပြီဖြစ်ကြောင်း ဖခမည်းတော်ဆီ လျှောက်တင်ရန် ထွက်လာရာ အထိန်းတော်ကြီးဆီမှ မင်းကြီး နာမကျန်းဖြစ်နေမှန်း သိရလေသည်။
ထို့ကြောင့် နှင်းအိဖြူ စစ်သူကြီးကိုလည်း တစ်ဖက် ဖခမည်းတော်ကိုလည်း တစ်ဖက်နှင့် ဂရုစိုက်ပေးတော့သည်။
"အထိန်းတော်ကြီး ဖခမည်းတော် ဒီလောက်တောင် နေမကောင်းဖြစ်သွားရတာ"
"အရှင်မင်းကြီး မင်းသမီးလေးရဲ့ သတင်းကို ကြားပြီးနောက်မှာ စိုးရိမ်ပူပင်လွန်းကာ ကိုယ်တိုင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်းမာရေး ထိခိုက်သွားခြင်းပါ"
"နှင်း တစ်ပတ်လောက် သတိမရ မေ့မျောနေခဲ့တာကို ကြားပြီးတော့ရောပေါ့"
"မှန်လှပါ မင်းသမီးလေး"
"ဘယ်သူ သတင်းပါးခဲ့တာလဲဟင်"
"ကျွန်တော်မျိုးတို့ဆီကိုတော့ ဗီရဏီသဌတိုင်းပြည်မှ စာရောက်လာခဲ့ခြင်းပါ"
"ဗီရဏီသဌ? ဆာကူရာလေးတို့ ဆီကနေ..ဆို..တော့... အကိုတော်တို့ နှစ်ယောက်တည်းက တစ်ယောက် အလွမ်းပြေစာ ပို့ရင်း ပြောလိုက်တာ ထင်တယ် ဟိုကလည်း စိတ်ပူပြီး ဒီကို သတင်းပါးနဲ့ တစ်ဆင့်ပြီး တစ်ဆင့်တွေ ဖြစ်ကုန်တော့တယ်"
"အရှင်မင်းကြီးမှာ အတော်ပင် စိတ်ပူနေခဲ့ရှာသည် မင်းသမီးလေး သတိများ ရလာလေပြီလား အစာများ မဝင်ခဲ့လေတော့ အားယုတ်လျော့နေလေမလား ဆို၍ပင်"
"ဟုတ် အထိန်းတော်ကြီး နှင်း ဖခမည်းတော််ကို အရမ်းစိတ်ပူစေခဲ့မိတယ် ဒါပေမယ့် နှင်း ရောက်လာပြီပဲ လုံးဝနေပြန်ကောင်းသွားတဲ့အထိ ကုပေးမှာမို့ အဲ့အချိန်အတောအတွင်း အထိန်းတော်ကြီးလည်း ကူညီပေးပါဦးနော်"
"ဝမ်းသာစွာဖြင့် ကူညီပေးမှာပါ မင်းသမီးလေး ဂရုစိုက်ပေးလေသည်ကို အရှင်မင်းကြီး သိတဲ့အချိန် အတော်ပျော်ရွှင်သွားလောက်မည်"
STAI LEGGENDO
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်