Unicode
"သမီးတို့တွေနဲ့ စျေးအတူ လိုက်ဝယ်ပေးချင်ပေမဲ့ အစည်းအဝေးက ရှိသေးတော့ မတတ်နိုင်ဘူးကွယ်"
"ဟုတ် နှင်းလည်း စိတ်မကောင်းဖြစ်မိပေမဲ့ အတူတူ နောက် တစ်ခေါက်တင် မဟုတ် သုံး လေးခေါက် သွားချင် ထပ်သွားလို့ ရတာပဲ ဦးလေးရယ် အဲ့ကျ နှင်း အဖော်လိုက်ပေးမယ်"
"စကားနဲ့တင် ကျေးဇူးတင်လှပါပြီဗျာ အိမ်က သမီးနဲ့များ ကွာပါ့"
"ဖေဖေ.."
"အဲ့ဒါဆို သမီးတို့ ဝင်ကြတော့လေ ဦးလေးလည်း သွားပြီ ခွန်း ဖေဖေ သွားပြီနော်"
"ဟုတ်ကဲ့ ကုမ္ပဏီကို ကြွမြန်းတော်မူပါတော့ရှင့်"
ကားနှစ်စီးနှင့် ထွက်လာခဲ့ကြရာ နန်းရဲ့ အဖေ မောင်းတဲ့ ကားကို နှင်းအိဖြူရယ် ၊ နန်းရယ် ၊ နက္ခတ်ရယ် ၊ အိမ့်နေခြည်ထွန်းရယ်က လိုက်ပါ စီးနင်းကာ ကျန်သည့် မင်းစောမဟာ ၊ သိင်္ခဒနဇော် ၊ မင်းသုခနောင် နှင့် ပြည့်စုံမာန်ကတော့ ကိဿလင်းမြတ် မောင်းနှင်သည့် ကားနှင့် နောက်မှ လိုက်လာခဲ့ချေသည်။
မင်းစောမဟာမှာ ကားမောင်းရင်း ရှူခင်းတွေ ကြည့်ကာ အပန်းဖြေချင်ပါသော်လည်း ဒီမနက်ကလေးတင် ပေါ်လာတဲ့ အသေးအမွှားဆိုသော်လည်း ကုမ္ပဏီကိစ္စဖြစ်တာကြောင့် လိုက်ပါလာရင်း ကားထဲ၌ အပြီးဖြတ်လုပ်ကိုင်နေရလေသည်။
ထို့သို့နှင့် နန်း၏ အဖေမောင်းသွားသော ကားအမည်းလေး ဝေးကွာပျောက်ကွယ်သွားတော့မှ အကုန်လုံး ကုန်တိုက်ထဲသို့ ဝင်လာကြသည်။ နှင်းအိဖြူမှာ နန်းရဲ့ လက်မောင်းလေးကို ချိတ်ထားရင်း ဆိုင်သူပိုင်သူမှန်း ကြော်ညာနေသည့် ပုံစံကြောင့် အကိုတော်တို့၏ မကြည်ကြည့် ကြည့်ခြင်းကို ခံလိုက်ရသည်။
ထိုထဲ၌ မနေခြည်ကတော့ သူ့သူငယ်ချင်း သိင်္ခဒနဇော်နဲ့ စကားလေးတပြောပြော လျှောက်နေကြ၍ တစ်ယောက်မှာ ဝင်မဆံ့နိုင်သလို ခံစားနေရချိန်...
"မာန်!"
ခေါ်သံကြား၍ ငုံ့ထားမိသည့် ခေါင်းအား မော့ကြည့်လိုက်တော့ အလှပဆုံး ပြုံးနေကာ လှမ်းခေါ်နေသည့် သူမ။
YOU ARE READING
စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့်