Part-57(ချစ်မိသွားတဲ့ အချိန်ကျရင်)

818 77 3
                                    

Unicode

"ခွန်း မင်း သေချာစဉ်းစားပြီးပြီလား"

"အင်း ငါ ကွာရှင်းမယ် ဝေယံထွန်းနဲ့ ဒါပေမဲ့ ငါ အကူအညီ လိုတယ်"

"ဘာလို့လဲ သူ့ဘက်က မကွာရှင်းပေးဘဲ ပြဿနာရှာလာလို့လား"

"အဲ့ဒါထက် ပိုဆိုးတယ်"

"ဘယ်လိုဖြစ်သွားလဲ ငါ့ကို ပြောပြလို့ ရတယ်"

ခွန်းသဒ္ဒါသွယ် နှင်းနှင့် လျှောက်လည်ဖြစ်ခဲ့သည့် နေ့ ၊ စားသောက်ဆိုင်တွင် တွေ့ခဲ့ရပြီးနောက် နှင်း၏ အားပေးစကား နှင့် အကြံပေးစကားတွေဟာ သူ့ကို ဆန္ဒမပါသည့် အိမ်ထောင်ရေးမှ လွတ်မြောက်ရအောင် အင်အားတွေ ဖြစ်စေခဲ့သည်။

ထို့နောက်တွင် ကွာရှင်းရန် ခွန်းသဒ္ဒါသွယ် စာရွက်စာတမ်းတွေ လိုအပ်တာ ပြင်ဆင်ပြီး အမျိုးသားဖြစ်သူ ဝေယံထွန်းဆီ လှမ်းပို့လိုက်ရုံ မဟုတ်ဘဲ မျက်နှာချင်းဆိုင်ပြီး လူချင်းတွေ့ကာ ပြောခဲ့သည်။

သို့သော်လည်း ထင်ထားသည့်အတိုင်း လက်မခံသည့်အပြင် ခွန်းသဒ္ဒါသွယ်ကို ဒေါသတကြီ အော်ဟစ်ကာ ရန်ဖြစ်စကားများပြီး လက်ပါ ပါခဲ့သည်။

အမျိုးသားမှာ သိပ်ပါးနပ်လှသည်။သူ့ပုံရိပ် ၊ သူ့ဂုဏ်သိက္ခာတော့ သိပ်ဂရုစိုက်ရှာသား။ခွန်းသဒ္ဒါသွယ်ကို လက်ပါခဲ့သည်မှာလည်း အင်္ကျီ ဝတ်လိုက်လျှင် ဖုံးကွယ်နေသည့် နေရာ ပုခုံး ၊ လက်မောင်း ၊ ခါး ၊ ပေါင် စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့သာ ထိခိုက်အောင် ပြုလုပ်ခဲ့သည်။

တစ်ဖက်က ယောက်ျားသားမို့ အားချင်း ယှဉ်လျှင် ရှုံးမည်ဆိုသည့်အရာ ခွန်းသဒ္ဒါသွယ်တွင် မရှိခဲ့ပေ။ကျန်းမာရေး လိုက်စားသူဖြစ်သည့်အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်တတ်သူဖြစ်တာကြောင့် ပြန်၍ ယှဉ်နိုင်မည်မှန်း သိခဲ့ပါသော်လည်း ငြိမ်သာ ခံခဲ့သည်။

ထို့အပြင် ခွန်းသဒ္ဒါသွယ် အဖေဖြစ်သု၏ စီးပွါးရေးရှယ်ယာစျေးကွက်တို့ဖြင့်လည်း ခြိမ်းခြောက်ပြောဆိုလာသည်ကြောင့် ခွန်းသဒ္ဒါသွယ်မှာ ယခုချက်ချင်း ကွာရှင်းလို့ ရမည် မဟုတ်ကြောင်း သိသွားကာ အကူအညီတောင်းရန် နက္ခတ်ဆန်းသွင်ဆီ ရောက်လာခဲ့ခြင်းပေ။

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now