Part-2(နန်းတော်ထဲ လမ်းပျောက်နေခြင်း)

3.3K 306 9
                                    

Unicode >>>>>

နှင်းအိဖြူ နိုးလာတော့ အရင်ဆုံး မရင်းနှီးတဲ့ ဆာကူရာပန်းပုံလေးများဖြင့် ပုံဖော်ခြယ်သထားတဲ့ မျက်နှာကျက်ကို မြင်လိုက်ရတော့ ဇက်ခနဲ အိပ်ရာပေါ်ကနေ ထလိုက်မိတာ ညက သောက်ထားတဲ့အရှိန် ခါးက မူးဝေသွားသည်။

"အာ့ ခေါင်းမူးလ်ိုက်တာ ရှေးခေတ်ကို ငါရောက်နေတာ မေ့သွားတယ်"

"မင်းသမီးလေး နိုးတော်မူလာပါပြီလားရှင်"

"အာ မိမေ ဟယ် ငါ နာမည်တွေတောင် မမှတ်ရသေး မှတ်မိနေတယ်တဲ့လား ဟဲဟဲ အဆင်ပြေသွားတာပေါ့"

"မင်းသမီးလေး အဘယ်အကြောင်းများ ဆိုနေတာပါလဲရှင်"

"အာ ဘာမှမဟုတ်ဘူး ဒါနဲ့ အထိန်းတော်ကုမာရော"

"မင်းသမီးလေး မနေ့က အချိန်လင့်သည်အထိ သေရည်သောက်သုံးထားသည်မို့ မင်းသားအမိန့်ဖြင့် စွပ်ပြုတ်သွားပြင်ဆင်နေသည်"

"အာ အရက်နာကျစွပ်ပြုတ်လိုပေါ့ မဆိုးပါဘူး မိမေ ဒီနေ့ ငါ နန်းတော်ထဲ လိုက်ကြည့်ချင်တယ်"

"မင်းသားတို့ လိုက်ပြတော်မူပါလိမ့်မည်"

"အကိုတော်တို့ ပါမှာလား မိမေ နင်ရယ် အထိန်းတော်ကုမာရယ် ငါရယ် သုံးယောက်တည်း သွားကြမယ်လေ နေရာပေါင်းစုံ သိကြတာပဲမဟုတ်လား"

"ဤသည်မျိုးက.."

"မဖြစ်သင့်ကြောင်းပါ မင်းသမီးလေး!!!"

နှင်းအိဖြူ မိမေနဲ့ ပြောနေတုန်း စွပ်ပြုတ်ပန်းကန်ကို လင်ဗန်းနဲ့ ကိုင်ကာ အထဲအော်ဝင်လာတဲ့ အထိန်းတော်ကုမာ။

နှင်းအိဖြူ-"ဘာဖြစ်လို့လဲ အထိန်းတော်ကုမာ"

ကုမာ-"ကျွန်တော်မျိုးမတို့သည် မင်းသမီးလေး၏ ဂရုစိုက်စောင့်ရှောက်ရသူတွေသာပါ မင်းသမီးလေးနှင့်အတူ နန်းဆောင်ထဲ လှည့်ပတ်နိုင်သည့် အဆင့်မဟုတ်ပါပေ ထို့ကြောင့် မင်းသားတို့နဲ့ သွားလှည့်ပါ"

နှင်းအိဖြူ-"အထိန်းတော်ကုမာကလည်း အဲ့ဒါဆို ပြီးတာပဲ အက်ိုတော်တို့နဲ့ သွားမယ် ဒါပေမဲ့ အထိန်းတော်နဲ့ မိမေ အနောက်က လိုက်လာခဲ့ရမယ်"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Donde viven las historias. Descúbrelo ahora