Part-20(မင်းသမီးလေးရဲ့ မယ်တော်၏မျိုးရိုး)

1.4K 161 13
                                    

Unicode

နှင်းအိဖြူတို့ ပင်လယ်ကမ်းစပ်ဆီသို့ ခရီးနှင်လာ၍ ပင်လယ်အော်တစ်လျှောက် သင်္ဘောစီးနှင်ကာ ဗီရဏီသဌတိုင်းပြည်သို့ ရောက်အောင် ရက်ပိုင်းလောက် သွားခဲ့ရသည်။

ခရီးလမ်း မကြမ်းတမ်းပါသော်လည်း ခရီးပန်းသည့်အရှိန်ဖြင့် ခန္ဓာကိုယ်ဟာ အားအင်ချိနည်းနေရပေမဲ့ မင်းသမီးလေးဆာကူရာတို့ ဗီရဏီသဌတိုင်းပြည်သို့ ရောက်တော့ ပင်ပန်းထားသမျှဟာ တိုင်းပြည်ထဲသို့ ခြေချချခြင်းမှာပဲ သဘာဝအလိုက်ဖြစ်တည်နေသည့်အတိုင်း အလှတရားတို့ဟာ ကုသပေးလိုက်လေသည်။

ဆာကူရာ-"အမနှင်း ညီမတို့ တိုင်းပြည်မှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာစွာဖြင့် ကြိုဆိုပါတယ်ရှင့်"

နှင်းအိဖြူ-"ညီမတို့ တိုင်းပြည်က လမ်းတောက်လျှောက်မှာလည်း ချယ်ရီပန်းပင်တွေ အများကြီး တွေ့ခဲ့ရတယ်နော်"

ဟိမန္တာဆန်း-"နှမတော် မေ့နေသည်ထင်ရဲ့ ဗီရဏီသဌတိုင်းပြည်ကို ချယ်ရီတိုင်းပြည်လို့လည်း တင်စားခေါ်ဝေါ်တတ်ကြသည်လေ"

နှင်းအိဖြူ-"တိုင်းပြည်အနှံ့ ချယ်ရီပန်းတွေ နေရာတိုင်း တွေ့ရလို့ပေါ့?"

ဟိမန္တာဆန်း-"မှန်ပါ့"

နန်းတွင်းသို့ ဝင်လာတော့လည်း ချယ်ရီပင်တွေဟာ ကြိုက်ရာ လက်ညိုးထိုး နေရာမလွဲ ရှိနေကြသည်။

-အိမ်ရှေ့စံမင်းသား နဲ့ မင်းသမီးလေး ရောက်ချေလာပါပြီ မင်းကြီး-

ဗီရဏီမင်းကြီး လာတင်ပြသူရဲ့ စကားကို ကြားလိုက်ရသည်နှင့် မျက်နှာ၌ အပြုံးတို့ ဖြစ်တည်လာကာ ထီးနန်းတော်ဆောင်မှ ထွက်လာခဲ့လေသည်။

တိုက်ဆိုင်လှသည် ပြောရမည်။နန်းဆောင်ကြီး တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်မှ အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးလေးသည်လည်း ဝင်လာရန်နှင့် ထိပ်တိုက်တွေ့ကြလေသည်။

"ခမည်းတော်"

မင်းသမီးလေးဆာကူရာသည် ဖခင်ဖြစ်သူကို တွေ့ရ၍ ပျော်ရွှင်ကာ အပြေးဖက်လေသည်။

"သမီးတော် ပျော်ခဲ့ပါရဲ့လား"

"ပျော်ပါ့ ခမည်းတော် အမနှင်းနှင့်လည်း ခင်မင်ခဲ့ကြသည်"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now