Part-63(နှင်း ချစ်ရတဲ့ သူပါ)

896 66 8
                                    

U n i c o d e

နှင်းအိဖြူတို့ နေ့လည်စာအတူစား ၊ လျှောက်လည်ခဲ့ကြပြီး နောက်တစ်နေ့မနက် ရောက်တော့ နှင်းအိဖြူတို့ မိသားစု၏ ကိုယ်ပိုင်လေယာဉ်ဖြင့် စီစဉ်ထားသည့် ခရီးစဉ်သို့ ထွက်ခွါလာခဲ့ကြလေသည်။

မနက်ပိုင်းလောက်ကတည်းက ထွက်လာခဲ့သည်ဆိုပေမဲ့ နေရာသို့ ရောက်သည့်အခါမှာ ညနေစောင်း နေဝင်ခါနီးပင် ဖြစ်နေပြီမို့ ရောက်ရောက်ချင်းတစ်ရက်ကိုတော့ အနားယူလိုက်ကြပြီး မနက်ဖြန်မှပဲ လျှောက်လည်တော့မည် ဆိုပြီး အကုန်လုံး ဆုံးဖြတ်လိုက်ကြသည်။

ထိုဖြစ်၍ အနားယူရန် စီစဉ်ကြစဉ် ဟိုတယ်သို့ သွားကြရာကနေ နန်းရဲ့ အဖေဖြစ်သူဟာ ဧည့်သည်တွေဖြစ်သည့် နှင်းအိဖြူတို့က်ို အိမ်၌ ဧည့်ခံပါရစေ အစစအရာရာ ပြင်ဆင်ပေးပါ့မည်ဟု ပြောလာသည်ကြောင့် မငြင်းဆန်ချင်၍ လက်ခံလိုက်ကြရသည်။

ထို့ကြောင့် ယခုအခါမှာတော့ နှင်းအိဖြူတို့ ဟိုတယ်သို့ သွားနေသည့် လမ်းကြောင်းကနေ နန်းတို့ အိမ်သို့ သွားသည့် လမ်းကြောင်းသို့ ပြောင်းလဲသွားပေတော့သည်။

Switzerland၏ capital cityဖြစ်ရာ Bernမြို့လေးဟာ စရောက်သည့်အချိန်မှ စ၍ ယခုအချိန်ထိပင် လက်ညိုးထိုးမလွဲ နေရာတိုင်းမှာ စိမ်းလန်းစိုပြေလှပသည့် မြင်ကွင်းများကို တွေ့နေရနိုင်သည်။

ယခုလည်း ခွန်းသဒ္ဒါသွယ် အဖေ၏ ဖိတ်ကြားမှုကြောင့် အိမ်သို့ သွားကြရာ ဒိီအတိုင်း ကားနှင့် မဟုတ်ဘဲ ရထားနှင့် ရတယ်ဆိုသည်ကြောင့် အထုပ်တွေကိုတော့  အတူပါလာတဲ့ နှင်းအိဖြူ၏ ကိုယ်ရံတော်ဖြစ်သူ မနေခြည်ကိုပဲ ကားနှင့် ပို့နှင့်ခိုင်းလိုက်ကာ သူတို့ကတော့ ရထားစီးနှင်ဖြစ်ခဲ့ကြသည်။

ရထားတွဲဟာ သာမာန်ရိုးရိုးလည်း ရှိသလို တချို့ရထားတွဲတို့မှာ ပုံစံတမူထူးခြားစွာ ပြတင်းပေါက်ကိုသာ မှန်မဟုတ်ဘဲ ခေါင်မိုးတို့ဟာလည်း လျှောက်လမ်းက လွဲ၍ တစ်တွဲလုံးဟာ မှန်တွေနှင့် ဆောက်လုပ်ထားတာကြောင့် ပြင်ပရှုခင်းတို့အား ကြည်လင်ပြတ်သားရှင်းလင်းစွာ မြင်ရနိုင်ပေသည်။

နှင်းအိဖြူ-"ကိုကို ဒါက မှန်ဆိုပေမဲ့ အန္တရာယ်မများဘူးမလား"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Donde viven las historias. Descúbrelo ahora