Part-33(အစစ်အမှန်)

789 98 0
                                    

Unicode

နှင်းအိဖြူတို့ မယ်တော်ကြီးဆီမှ ထွက်လာပြီးနောက် စစ်သူကြီးက နန်းဆောင်ကို ပြန်လိုက်ပို့ပေးခဲ့သည်။ညရောက်မှ မြို့ထဲ သွားကြဖို့ ပြန်ဆုံကြရန် စီစဉ်ခဲ့ကြသည်။

နှင်းအိဖြူ တစ်နေညနေခင်းလုံး ဘာဝတ်သွားရင် ကောင်းမလဲ မွှေနေတာနဲ့ တဖြည်းဖြည်း အချိန်တွေက ကုန်ဆုံးလာတာ အပြင်၌ မှောင်ရီစပင် ပျိုးလာချေလေသည်။

"မင်းသမီးလေး စစ်သူကြီး ရောက်နေပါပြီ"

"ရောက်ပြီလား ဘယ်အချိန်တောင် ရှိ..ဝက်သဖက် မှောင်တောင် မှောင်နေတယ် ငါ အဲလောက်တောင် ကြာသွားတာလား အထိန်းတော်ကုမာ စစ်သူကြီးကို ခဏလေးပဲလို့ ပြန်ပြောပေးပါဦးနော် ဟီးဟီး"

"ဟုတ်ကဲ့ပါ မင်းသမီးလေး"

အထိန်းတော်ကုမကို ပြောပြီးတာနဲ့ နှင်းအိဖြူ မိ​မေနှင့် အမြန်ပြင်ဆင်ကာ နန်းဆောင်အပြင် ပြေးထွက်လာခဲ့သည်။

နောက်ကျောပေးထားသူကို မြင်လိုက်ရတော့ နေ့တစ်ဝက်နီးပါး လွမ်းနေရသမျှတွေဟာ ချက်ချင်းကို ဒီရေတိုက်စားသလို ပျောက်ကွယ်သွားရသည်။

အနောက်ကနေ ကြည့်ရင်း လျှောက်သွားတာ နှင်းအိဖြူ အနားကို ရောက်တော့မှ သတိထားမိချေသည်။ထိုသည်က တစ်ချိန်လုံး ဆံနွယ်တို့ကို အမြင့်စီးထားတတ်တဲ့ စစ်သူကြီးဟာ အခုတော့ သဘာဝအတိုင်း ချထားခြင်းပင်။

"နှင်း ရောက်လာပါပြီလား ဒီနေ့ အရမ်းလှနေပေ၏"
"စစ်..သူ..ကြီး တစ်ကယ်ပဲ နန်းပါနော် အိုမို အိုမို ဆံပင်ကို ချထားတာက အားး ငါ့နှလုံးသား လှရက်လိုက်လေခြင်းကွာ ကတောက်စ်"

မျက်နှာနား နီးကပ်လို့ မေးလာတဲ့အပြင် ရင်ဘတ်ကိုလည်း ဖိလို့ တငိုငို တရီရီတွေ ဖြစ်ကုန်လေတဲ့ မင်းသမီးလေးကြောင့် စစ်သူကြီး ၊ မိမေ နှင့် အထိန်းတော်ကုမာတို့မှာ ကြောငအကြကုန်သည်။

"နှင်း.."

"အွန်း နန်း ပြော ဘာဖြစ်လို့လဲ စောင့်ရတာ ခြေထောက်တွေ ညောင်းနေလို့လား နှိပ်ပေးရမလား"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Where stories live. Discover now