Part-38(အခွင့်အရေး)

784 100 5
                                    

Unicode

"WTF!"

ထိုအသံဟာတော့ ယဉ်ကျေးလိမ္မာသင်တန်းဆင်းကျောင်းသူလို အလွန်တကာမှ ယဉ်ကျေးလှသည့် နှင်းအိဖြူဆီမှ အံ့ဩတကြီး ထွက်လာသည့် အသံပင်။

အသံက ကျယ်လည်း ကျယ်သွားတာမို့ နှင်းဟေမာန်ပါ လန့်သွားရသည်။နှင်းအိဖြူ အကြောင်းတွေ ဆက်စပ်ကာ တွေးနေလိုက်ပြီး ခေါင်းထဲ ပေါ်လာတာကို မေးလိုက်သည်။

"နင် မိဖုရားဆီ သွားတာ စာအုပ်ကို တွေ့ခဲ့တာ ဟုတ်တယ်မလား"

"အင်း ဟုတ်တယ်လေ"

"အဲ့အကြောင်းတွေကို မိဖုရားခေါင်ကြီး ကိုယ်တိုင် ရေးထားတာလား"

"ဟုတ်တယ် ငါ့ကို သင်ပြပေးတုန်းက မိဖုရားရဲ့ လက်ရေးကို ငါ တွေ့ဖူးတာမို့ တစ်ပုံစံတည်းပဲ"

"ဒါပေမယ့် လက်ရေးတူတဲ့ တခြားတစ်ယောက် ရေးတာဆိုပြီး ငြင်းလို့ ရတယ်ဟ"

"ငြင်းလို့ ရမှာ မဟုတ်ဘူး နန်းတော်ထဲမှာ မိဖုရားခေါင်ကြီး လက်ရေးမျိုး သူတစ်ယောက်ပဲ ရှိတယ် မိဖုရားခေါင်ကြီး ဖြဟ်တဲ့အလျောက် ပညာပေးကဗျာ ၊ စာပေတချို့ စည်းကမ်းအမိန့်တွေ ချမှတ်ခဲ့ရတာမို့ များလွန်းတော့ မိဖုရားရဲ့ စာရေး စာဖတ်တတ်တဲ့ အထိန်းတော် နန်းတွင်းသူတို့ ဝိုင်းရေးပေးတာတောင် များနေသေးတာ အဲ့တော့ သူပါ ဝင်ရေးခဲ့တာတွေ ရှိတယ် အရင်တုန်းက စာအုပ်တွေရော အခုရော သူနဲ့ တူတဲ့ လက်ရေးမျိုး တစ်ယောက်မှ မရှိခဲ့ဘူး မိဖုရားရဲ့ လက်ရေးက လှတယ်လို့ပဲလည်း မဟုတ်ဘူးဟာ ဟို..ဘယ်လိုပြောရမလဲ တမူထူးခြားနေပြီး လူတကာ မရေးသားနိုင်တဲ့ လက်ရေးမျိုး သေသပ်နေတာ"

"အိုခေ အဲ့လိုဆိုရင်တော့ လွယ်သွားပြီ လက်ရေးမတူတာမို့ စာအုပ်ကို ယူပြီး သူ ရေးခဲ့တဲ့ စာအုပ်နဲ့ လက်ရေးကို ယှဉ်ပြလို့ ရပြီ ဒါနဲ့ ငါ သိချင်တာ သူ အဲ့လို ရေးထားတာ သူ့အတွက် ချောက်ထဲ ကျစေမယ်ဆိုတာကို မစဉ်းစားမိဘူးလား"

"သူလည်း သိတယ် ဒါပေမယ့် သူ ပထမဆုံးအကြိမ်ကို အောင်မြင်သွားခဲ့တော့ ပြန်ဖတ်တဲ့အချိန်တိုင်း တွေးမိပြီး သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်ရအောင်တဲ့ ငါ့ကို ပြောပြဖူးတယ်"

စစ်သူကြီးမြတ်နိုးရာ ပန်းတစ်ပွင့် Kde žijí příběhy. Začni objevovat